RCSS/SSA နဲ့ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့တိုက်ပွဲဖြစ်ပွား

ဖေဖော်ဝါရီ ၁၇ ၊​ မောက်မယ် 

ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ရန်ကင်းကျေးရွာအနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ( PNLO/PNLA ) တို့  ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် (PNLO/PNLA) ရဲ့ ထုတ်ပြန်မှုမှာတော့  သူတို့ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကဒူးကြီးဒေသ ရန်ကင်းကျေးရွာအနီးကို အကြောင်းမကြားပဲ​ဝင်ရောက်လာပြီး RCSS/SSA ဘက်က စတင်ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲက မနက် ၉ နာရီခွဲကျော်ကနေ ၁၂ နာရီအထိ ဖြစ်ပွားခဲ့ကြောင်း PNLO ဘက်က ထုတ်ပြန်ထားပါတယ်။ 

မောက်မယ်မြို့ပေါ်မှာတော့ငြိမ်တယ်။ပွဲလမ်းသဘင်တွေတောင်အေးဆေးလုပ်နေကြတာကဒူးကြီးဘက်ကတော့ဝေးတော့လို့၊အဲ့ဘက်ကသတင်းမကြားမိသေးဘူး၊အဲ့ဘက်မှာအဖွဲ့တွေကလည်းစုံပြီးတော့အရင်ကလည်းဒီလိုစစ်ရေးတင်းမာမှုတွေဖြစ်ဖူးတယ်လို့မောက်မယ်မြို့ခံတစ်ဦးကရှမ်းနီအသံကိုပြောဆိုပါတယ်။ 

RCSS/SSA ဘက်ကတော့ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှုကို မတွေ့ရသေးသလို မီဒီယာတွေမှာ ဖြေဆိုထားမှုလည်း မရှိသေးပါဘူး။ 

ကဒူးကြီးဒေသမှာ ၂၀၁၇ ခုနှစ်က RCSS/SSA နဲ့ PNLO တို့ နယ်မြေအငြင်းပွားမှုကြောင့် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ဖူးပါတယ် ။ 

ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့ နှစ်ဖွဲ့လုံးက NCA လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလည်း ဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *