ဖေဖော်ဝါရီ ၂၆ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသ အနောက်တောကျေးရွာအနီးမှာ ရွှေလုပ်ငန်းရှင် နန်းယေ(ခ)နန်းယဉ်ယဉ်နု ကို သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းအား ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရှိရကြောင်း ၎င်းနှင့် ဆွေမျိုးတော်စပ်သူကပြောပါတယ်။
“ မနေ့က မနက် ၈ နာရီလောက်မှာ ပိုက်ဆံရစရာရှိလို့ တစ်ယောက်ထဲ ဆိုင်ကယ်နဲ့ ထွက်သွားတာ ။ မနက် ၉ နာရီလောက်ကျတော့ ဖုန်းအဆက်အသွယ် မရတော့ဘူး။ လိုက်သွားတော့မှ အလောင်းကို အနောက်တော ရွာနားမှာ သွားတွေ့တာ။” ဟု သူ့အစ်ကိုဖြစ်သူ ကိုထွန်းကပြောပါတယ်။
ဒီလိုရပ်ကို မည်သည့်အဖွဲ့အစည်းက ဘယ့်အတွက်ကြောင့် သတ်ဖြတ်သည်ကိုမှု မသိရသေးကြောင်း ကိုထွန်းက ဆိုပါတယ်။
ဆွေမျိုးနီးစပ်သူများ၏ ပြောကြားချက်အရ အခင်းဖြစ်သောနေရာသည် အိမ်နှင့် မဝေးဘဲ သူ့အလောင်းမှာလည်း ဦးခေါင်းဖောက်ထွင်းဒဏ်ရာ တစ်ခုရှိထားတယ်လို့ ဆိုပါတယ်။
မနန်းယေ သည် ဟုမ္မလင်းမြို့နယ် ကက်သာဇာတိဖြစ်ပြီး သောင်သွပ်စော်ဘွားမျိုးရိုးတော်စပ်သူတစ်ဦးလည်းဖြစ်ပါတယ်။
မနန်းယေ သည် ရွှေလမ်းငွေလမ်းဟုခေါ်သော အနောက်တောနှင့် အနောက်ကုန်းရွာကြားရှိ ရွှေမှော်ကျေးရွာတွင် အိမ်ထောင်ကျကာ ရွှေလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပြီး သားသမီးနှစ်ဦး ကျန်ရစ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဒေသသည် လတ်တလောတွင် KIA+PDF များထိန်းချုပ်ထားသော ဒေသဖြစ်ပြီး သူစိမ်းများသွားလာရန် ခက်ခဲသော ဒေသတစ်ခုလည်း ဖြစ်ပါတယ်။