SNA နှင့် အစိုးရတပ်တို့ တိုက်ပွဲ ဖြစ်ပွား

ဧပြီ ၁၇

ရှမ်းနီ အမျိုးသားများတပ်မတော် SNA နှင့် မြန်မာ့တပ်မတော်တို့ ဟုမ္မလင်းမြို့နယ် ချောင်းကြီးဒေသအတွင်းမှာ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံကျေးရွာသား တစ်ဦးက ပြောကြားသည်

” ညနေ ငါးနာရီလောက်ကတည်းက ဖြစ်နေတာ ။ အခုအထိ မပြီးသေးဘူး ။ ” ဟု အမည်မဖော်လိုသူ ကျေးရွာသား တစ်ဦးက ပြောကြားသည် ။

ဟုမ္မလင်းမြို့ အခြေစိုက် ခလရ ၂၂၂ မှ ပူးပေါင်းတပ်သည် SNA တပ်မဟာ 753 ဒေသသို့ ဝင်ရောက်လာပြီး စခန်းကုန်းတစ်ခုအား စစ်ကြောင်းသုံးကြောင်းဖြင့် လာရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း SNA တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည် ။

လက်နက်ကြီးများလည်း အသုံးပြု တိုက်ခိုက်နေကြောင်းလည်း သိရသည် ။

” ၆၀ မမ တို့ပါတယ် ။ အထိအခိုက် အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး ။ ” ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားသည် ။

ရှမ်းနီ အမျိုးသားများတပ်မတော်သည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ၊ အမျိုးသားစည်းလုံးညီညွှတ်ရေးဆိုသည့် မူကြီးငါးရပ်ဖြင့် ရပ်တည်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည် ။

  • ဆက်လက်စုံစမ်းလျက်ရှိနေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *