ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီနဲ့ NSPNC ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုး

အောက်တိုဘာ ၁၄ ၊ နေပြည်တော်

ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ (SNUC) နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ( NSPNC ) တို့ဟာ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ SNUC နဲ့ NSPNC တို့ တွေ့ဆုံဆွေးနွေးအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။​

ဒေသတွင်းတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ကတိပြုချက်(မူကြမ်း) တွေကို ဆွေးနွေးခဲ့ကြသလို ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာလိုအပ်ချက်တွေကို နှစ်ဖက်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ကတိပြုချက် အကြောင်းအရာတွေကိုတော့ မသိရှိရသေးပါဘူး။

NSPNC ဘက်က SNUC/SNA ကို နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုရေး၊ တပ်ပိုင်းဆိုင် ညှိနှိုင်းရေး၊ ရှမ်းနီ တိုင်းရင်းသားများကို မှတ်ပုံတင်အရ လူမျိုးအမည်အသုံးအနှုန်း၊ ဒေသအသိအမှတ်ပြုမှုတွေကို လွှတ်တော်လမ်းကြောင်းကနေ ဆောင်ရွက်နိုင်မည့် အကြောင်းကို ဆွေးနွေးခဲ့တယ်လို့ မြန်မာ့အသံက ထုတ်လွင့်ခဲပါတယ်။

ရှမ်းနီအမျိုးသားညီညွတ်ရေးကောင်စီ နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တို့ နေပြည်တော် မှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာလည်း တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်တဲ့နေရာတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိနိုင်ရေးကိုဆွေးနွေးချက်တွေလည်းပါဝင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *