SSPP/SSA နဲ့ MNDAA တို့ကြား နှစ်ရက်အတွင်း စစ်ရေးထိတွေ့မှု ၈ ကြိမ်အထိဖြစ်ပွားစစ်ရေးတင်းမာနေကြ

ဧပြီ ၃၀ ၊ သီပေါ

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်မတော် MNDAA တို့ကြား ပြီးခဲ့တဲ့ နှစ်ရက်အတွင်း စစ်ရေးထိတွေ့မှု ရှစ်ကြိမ်အထိရှိထားတယ်လို့ SSPP/SSA က သတင်းထုတ်ပြန်လာပါတယ်။

နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများသည် သီပေါမြို့နယ် တင်းဟိုင်းကျေးရွာ၊ ဟူးမီကျေးရွာ ၊ လားရှိူးမြို့နယ် နမ္မကျေးရွာ ၊ မိုင်းကျက်၊ မိုင်းယော် ၊ ဟိုဟွေး စတဲ့ကျေးရွာတွေမှာရှိတဲ့ SSPP/SSA ရဲ့ တပ်စခန်းတွေကို MNDAA က ဝင်ရောက်ခဲ့ပြီး ထိတွေ့တိုက်ခိုက်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် SSA ရဲ့ဌာနချုပ်ဟောင်း စိန်ကျော့တပ်စခန်းကိုလည်း MNDAA တွေကို မနေ့က ဧပြီလ ၂၉ ရက်နေ့မှာ ဝင်ရောက်ထိန်းချုပ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က ပြန်လာတော့ ကိုးကန့်တပ်တွေက ကုန်းနု၊ ကုန်းပေါင်း အဲ့ကနေထွက်ခဲ့ကြတာ တစ်လမ်းလုံးပဲ၊ သူတို့ရဲ့ ပြောင်းအကြီးကြီး(RPG)တွေထမ်းပြီး၊ တစ်လမ်းလုံးကို စိမ်းသွားတာပဲ၊ ညနေကို စိန်ကျော့နားတိုက်ပွဲဖြစ်သေးတယ်” လို့ မနေ့က မိုင်းရယ်မှ သီပေါသို့ ပြန်လာသူ ဒေသခံတစ်ဦးက ဆိုပါတယ်။

ထိုလမ်းပိုင်းများသည် SSPP/SSA က နှစ်ပေါင်းများစွာကြာထိန်းချုပ်ထားသည့် ဒေသတစ်ခုဖြစ်ပြီး ကျောက်မီးသွေး၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးပွဲရုံများစွာရှိသည့် ဒေသများလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ MNDAA က ထိန်းချုပ်ထားကြောင်း ဆိုသော်လည်း SSPP/SSA က ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

SSPP/SSA က ဗဟိုအဆင့်ခြင်း တွေ့ဆုံညှိနှိုင်းသွားမည်လို့ ဒီနေ့ ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *