
ဩဂုတ် ၈ ၊ လွိုင်တိုင်းလျှန်း
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)တပ်ဖွဲ့ဝင်တွေအပါအဝင် ဖမ်းမိထားတဲ့သူ ၂၄ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)က သတင်းထုတ်ပြန်ပါတယ်။
သြဂုတ်လ ၆ ရက်နေ့က RCSS/SSA ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာ SSPP တပ်သား (၁၃) ဦး၊ SSPPတပ်ဖွဲ့ သတင်းပေးသူ (၅) ဦး၊ SSPP တပ်ဖွဲ့ဝင် (၅) ဦး၊ TNLA တပ်ဖွဲ့ဝင် (၁) ဦး စုစုပေါင်း (၂၄) ဦးကို ပြန်လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။
RCSS/SSA အတွင်းရေးမှူး စိုင်းယီ က သူတို့တွေကို မိုင်းပန်မြို့အထိ လိုက်ပို့ပေးမှာဖြစ်ပြီး ဘာကတိမှာပေးစရာမလိုပဲ လွတ်လွတ်လပ်လပ်ပြန်ခိုင်းတာဖြစ်ကြောင်း နဲ့ တိုက်ပွဲကာလကြောင့် ထိန်းသိမ်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့စစ်သုံးပန်းတွေကို ၂၀၂၁ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်တဲ့ တိုက်ပွဲတွေမှာဖမ်းမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဧပြီလကလည်း ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေမှာ ဖမ်းဆီးရမိသူ ၁၅ ဦးကို သူတို့တွေရဲ့ မိဘတွေဆီကို RCSS/SSA က ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။
၂၀၂၁ ခုနှစ်မှာ RCSSနဲ့ SSPP၊TNLA တပ်ပေါင်းစုတို့ကြား လနဲ့ချီတိုက်ပွဲခဲ့ကြပြီး နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုတွေရှိခဲ့ပါတယ်။