UWSA “ဝ” တပ်ဖွဲ့အနေနဲ့စစ်အာဏာသိမ်းမှုမှာဗမာတိုင်းရင်းသားတို့ရဲ့အတွင်းရေးသာဖြစ်ပြီးမည်သည့်ဘက်မှပါဝင်ပတ်သက်မှာမဟုတ်လို့ဆို 

UWSA ဒု-ဥက္ကဌ ဦးလောကု နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံစဉ်

ဇွန် ၁ ၊ နေပြည်တော် 

အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေက ဗမာတိုင်းရင်းသားတွေရဲ့ အတွင်းရေးသာဖြစ်လို့ ဘယ်ဘက်မှာပါဝင်မှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို UWSA က ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာတက်တဲ့ UWSA “ဝ” ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေက တင်ပြခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

ဝ အဖွဲ့ရဲ့တင်ပြမှုတွေမှာ နိုင်ငံတော်ကနေခွဲထွက်မှာမဟုတ်ပဲ ဝ ဒေသရဲ့ အုပ်ချုပ်စီမံခွင့်တွေအားလုံးကို ကိုယ်တိုင်ပြုလုပ်မှာဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးကို ဗဟိုအစိုးရကို လွဲအပ်ထားတယ်လို့ဆိုပါတယ်။​

ဒါ့အပြင် “ ၀” အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကိုလည်း သတ်မှတ်ပေးဖို့နဲ့  လက်ရှိအနေအထားအရ မဖြစ်နိင်သေးရင်  ငြိမ်းချမ်းရေးကို ဆက်ထိန်းထားဖို့လည်း ပြောဆိုခဲ့တယ်လို့သိရပါတယ်။ 

NUG ဘက်ကတော့ UWSA ရဲ့ နှစ်သုံးဆယ်ပြည့်နေ့ အခမ်းအနားပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာ “ဝ” ပြည်နယ် လို့ တရားဝင်သုံးစွဲခဲ့ပါတယ်။ 

“ ဝ” တပ်ဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအတောင့်တင်းဆုံး အဖွဲ့တစ်ခုဖြစ်ပြီးတော့ စစ်တပ်နဲ့ တိုက်ပွဲမဖြစ်ပွားတာ နှစ်ပေါင်း (၃၀) ကျော်ရှိနေပြီလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *