ဗန်းမောက်မြို့နယ် Covid19 ကူးစက်လူနာ နှစ်ရက်အတွင်း (၁၀၈) ဦးထိရှိလာ ရဲ နှင့် ဌာနဆိုင်ရာဝန်ထမ်း (၂၅) ဦးထိပါဝင်

ဇွန် ၃၀ ၊ ဗန်းမောက်

ဗန်းမောက်မြို့တွင် Covid19 ရောဂါပိုး နှစ်ရက်အတွင်း (၁၀၈) ဦးအထိရှိလာပြီး ထိုထဲမှ ရဲ နှင့် ဌာနဆိုင်ရာ ဝန်ထမ်း (၂၅) ဦးထိ ပါဝင်ကြောင်းသိရသည်။

ဗန်းမောက်မြို့တွင် ဇွန်လ (၂၉) ရက်နေ့တစ်ရက်တည်း စစ်ဆေးရာ ရောဂါပိုးအတည်ပြုလူနာ (၅၆) ဦးထိရှိခဲ့ပြီး ယနေ့စစ်ဆေးရာ (၅၂) ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။

“ ၂၅ယောက်က ဒီနေ့မနက် ရဲနဲ့ ဌာနဆိုင်ရာ၊ ဒီနေ့ညနေ နဲ့ အချိန်အထိ ၂၇ ယောက် ပန်းသတင်း KTV က ဝန်ထမ်းတွေနဲ့ ထိစပ်တဲ့သူတွေ မြို့ထဲကသူတွေချည်းပဲ” ဒေသခံတစ်ဦးကဆိုသည်။

ထို့ပြန် ထို KTV သို့ လာရောက်ခဲ့သူများ လာရောက်စိစစ်ဆေးခံယူခြင်း မရှိသေးကြောင်းလည်း သိရသည်။

ဗန်းမောက်မြို့တွင် ယခု တတိယလှိုင်းကို KTV မှ အစုလိုက်အပြုံလိုက်ကူးစက်ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *