မတ် ၈ ၊ မြစ်ကြီးနား
ကချင်ပြည်နယ်အတွင်းမှာ စည်းရုံးသွားမယ့် နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီကောင်စီရွေးကောက်ပွဲကော်မရှင်ဆီမှာ ပါတီမှတ်ပုံတင်ထားတဲ့ ပါတီ နှစ်ခုရှိလာပြီဖြစ်ပြီး ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီနဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) တို့ဖြစ်တယ်လို့သိရပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP လည်း မတ်လ (၇)ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တင်ထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီမိုကရေစီပါတီသစ်(ကချင်) ပါတီကတော့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ ပါတီမှတ်ပုံတင်ခဲ့တာလည်းဖြစ်ပါတယ်။
ချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)KSPP ဟာ ၂၀၁၉ခုနှစ်မှာ ကချင်နိုင်ငံရေးပါတီများဖြစ်တဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)နဲ့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည် စတဲ့ ပါတီတွေကို ပေါင်းစည်းဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၁နောက်ပိုင်းမှာတော့ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)က KSPPကနေပြန်လည်နုတ်ထွက်သွားခဲ့ပါတယ်။
၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ KSPPဟာ မြို့နယ် (၁၈) မြို့နယ်မှာ ဝင်ရောင်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ် (၄)ဦး အနိုင်ရရှိခဲ့တဲ့ ပါတီတစ်ခုဖြစ်သလို ဒီမိုကရေစီပါတီသစ်(ကချင်) ပါတီ ဟာလည်း အမျိုးသားလွတ်တော်တစ်ဦး နဲ့ ပြည်နယ်လွတ်တော်မှာ တစ်ဦး အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။