ကချင်ပြည်နယ်အတွင်းမိုးညှင်းမြို့နယ်မှာကိုဗစ်ကူးစက်မှုအများဆုံးဖြစ်နေ 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာမှာ Covid19 စစ်ဆေးနေမှုများ

တစ်ကျော့ပြန် Covid19 ကူးစက်မှု မြင့်တက်လာချိန်မှာ  စက်တင်ဘာလမှာ ကချင်ပြည်နယ်အတွင်း မိုးညှင်းမြို့နယ်က Covid19 ကူးစက်မှုအများဆုံးဖြစ်တယ်လို့ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ 

Covid19 ကူးစက်မှု ၁၅ ရက်အတွင်းမှာ မိုးညှင်းမြို့နယ်က ၂၇ ဦးရှိပြီး  မြစ်ကြီးနားမှာ ကူးစက်သူ ၁၈ ဦးနဲ့ ပူတာအိုမြို့တွေမှာ ၂၀ ဦးထိရှိနေတာလည်းဖြစ်ပါတယ်။ 

မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်ရောဂါပိုး တတိယလှိုင်းမှာ ကူးစက်သူ ရှစ်ထောင့်ငါးရာကျော်ကူးစက်ခဲ့ပြီး သေဆုံးသူ ၂၆၀ ရှိခဲ့ကာ စတုတ္ထလှိုင်းမှာ ၆ ဦးထပ်မံသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ 

မိုးညှင်းမြို့နယ်မှာ ဩဂုတ်လကုန်စပြီး နန့်စီးအောင် စုပေါင်းစစ်ဆေးရေးဂိတ်က ယာဉ်မောင်းတစ်ဦးဆီကနေ  ကူးစက်ရောဂါပိုးတွေ့ရှိပြီးနောက် ဆက်တိုက်ကူးစက်မှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီကူးစက်မှုကို ကာကွယ်ဖို့အတွက်  မြို့နယ်အတွင်းမှာ မက်ကမ်ပိန်းတွေပြုလုပ်တာ ၊ ကာကွယ်ဆေး ထိုးနှံမှုတွေနဲ့ ပြုလုပ်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

ကိုဗစ် ကူးစက်မှုတွေက စက်တင်ဘာလအတွင်းမှာ မြင့်တက်လာပြီး ကူးစက်သူ တစ်လအတွင်း နှစ်ထောင်ကျော်ရှိနေပြီး သေဆုံးသူတွေလည်းရှိလာခဲ့ပါတယ်။ 

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက Covid19 ကူးစက်မှုနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ ကူးစက်သူအများစုက ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူတွေနဲ့ အကြိမ်ပြည့် ထိုးနှံထားသူတွေ မဟုတ်ကြောင်းဆိုပါတယ်။ 

တစ်နိုင်ငံလုံးအတာနဲ့ ကိုဗစ်ကူးစက်သူ ခြောက်သိန်းကျော်ရှိထားပြီး သေဆုံးသူ နှစ်သောင်းနီးပါးရှိနေတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *