ဒီဇင်ဘာ ၁၉ ၊ မြစ်ကြီးနား
ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းတိုင်းရင်းသားရှေ့နေ့အသင်း နှင့် ရှမ်းအမျိုးသမီးများအသင်းကို ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြောင်း သိရသည်။
ထိုသဘောတူညီမှုက ဒီဇင်ဘာ (၁၈) ရက်နေ့ က ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းမျိုးနွယ်စုများ စာပေ နှင့်ယဉ်ကျေးမှု (တတိယ) အကြိမ်သက်တမ်း ပြည်နယ်အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် သဘောတူညီခဲ့ခြင်းဖြစ်သည်။
“ ဖွဲ့တော့မဖွဲ့ဖြစ်လိုက်သေးဘူး ၊ဖွဲ့ဖို့သဘောတူလိုက်ပြီ ။ လူတွေပြန်ရှာပြီးမှ ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းအမျိုးသားရှေ့နေတွကို စုစည်းပြီးတော့ အဆင်ပြေတဲ့နေ့တစ်နေ့ ရွေးပြီးဖွဲ့စည်းဖို့ လုပ်ထားတယ်ဗျ “ ဟု တက်ရောက်ခဲ့သည့် ရှေ့နေတစ်ဦးက ရှမ်းနီအသံကို ပြောသည်။
ကချင်ပြည်နယ်အတွင်းတွင် ရှမ်းတိုင်းရင်းသားများ ဥပဒေနဲ့ ပတ်သက်တဲ့အသိပညာရှိလာစေရေး နှင့် အမျိုးသမီးအကြမ်းဖက်မှုတွေကြုံတွေ့နေရတာတွေကို အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းမျိုးနွယ်စု စာ/ယဉ် ဥက္ကဌ ဦးစောနွဲ့ကြံအောင်က ပြောဆိုသည်။
ထိုအသင်းအဖွဲ့နှစ်ခုစလုံးကို ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းမျိုးနွယ်စု စာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ လက်အောက်ကနေ ဖွဲ့စည်းသွားမယ်လို့လည်း ဦးစောနွဲ့ကြံအောင်က ပြောကြားသည်။
တက်ရောက်ခဲ့တဲ့ ရှမ်းရှေ့နေများ၏ ပြောဆိုမှုအရ ထိုအသင်းများ၏ ဖွဲ့စည်းမည့် ပုံစံ ၊ အသင်းရဲ့ ရည်ရွယ်ချက် ၊ ဦးတည်ချက်တွေကို ရေးဆွဲနိုင်ဖို့အတွက် လာမယ့် အစည်းအဝေးမှသာပြုလုပ်နိုင်မှာကြောင်းသိရသည်။
ရှမ်းအမျိုးသမီးများအဖွဲ့ကို ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းမျိုးနွယ်စု (၅)စုမှ ကိုယ်စားလှယ်များနှင့် အချိုးကျပါဝင်လှုပ်ဆောင်နိုင်အောင် စီစဉ်ထားကြောင်း သိရသည်။