လာမယ့် စိန်ရတု ပြည်ထောင်စုနေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကျင်းပမယ့် ငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်တွေတက်ရောက်ဖို့အတွက် စစ်ကောင်စီက မနေ့က ဖိတ်ကြားတယ်လို့ MRTV ကနေ ကြေညာခဲ့ပါတယ်။
ဒီပွဲက ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးပွဲမှာ လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ဖို့ ရည်ရွယ်လို့လည်းထုတ်ပြန်ပါတယ်။
ငြိမ်းချမ်းရေးကို ဖိတ်ခေါ်နေပေမယ့် ကချင်ပြည်နယ်ကနေစ မြန်မာနိုင်ငံအလယ်ပိုင်း နဲ့ ကရင်နီပြည် နဲ့ ကရင် ပြည်နယ် တို့မှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပြင် လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုပါ ဖိတ်ကြားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေကိုတော့ မဖိတ်ကြားဘူးလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဘက်က NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ (၁၆) ကြိမ် ၊ NCA မထိုးရသေးတဲ့အဖွဲ့နဲ့ (9) ကြိမ် ၊ ငြိမ်ချမ်းရေးအကျိုးဆောင်တွေနဲ့ (၂)ကြိမ် ၊ နိုင်ငံရေးပါတီတွေနဲ့ (၇) ကြိမ်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။