ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ဝန်ထမ်းသေနတ်နဲ့ပစ်ခံရ 

WHO Myanmar ထုတ်ပြန်ချက်

ဇွန်ရန်ကုန် 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ ဝန်ထမ်းဖြစ်တဲ့ ဦးမျိုးမင်းထွဋ်က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇွန်လ (၈) ရက်နေ့ ညနေမှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ WHO က ဇွန်လ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ 

“ ဦးမျိုးမင်းထွဋ်သည်ရုံးမှ အိမ်သို့အပြန် သံလွင်ဥယျာဉ်လမ်းတွင် ၎င်း၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့်ပစ်ခံရပြီး ဖြစ်ရပ်၏ အသေးစိတ်အခြေအနေမှာ အတိအကျမသိရှိရသေးပါ။” လို့ ထုတ်ပြန်ပါတယ်။ 

သူက WHO မှာ ကားမောင်းသူအဖြစ်တာဝန်ထမ်းဆောင်တာ (၅) နှစ်ရှိနေပြီလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ 

သူသေဆုံးမှုနဲ့ပတ်သက်ပြီး Mawlamyine – PDO ကသူတို့ရဲ့ လက်ချက်ဖြစ်ပြီး ဧည့်စရင်းစစ်မှုတွေမှာ ဦးဆောင်ပါဝင်သလို  စစ်ကောင်စီတပ်တွေနဲ့ နီးစပ်သူဖြစ်တဲ့အကြောင်း အဲ့အဖွဲ့က Mawlamyine – PDO ရဲ့ ဒီနေ့ဇွန်လ (၉)ရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကုလသမဂ္ဂဘက်က သူတို့ဝန်ထမ်းအသတ်ခံရမှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ ဘာလစ်ခရစ်ရှာနန်က ပြောဆိုထားပါတယ်။ 

“ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဘက်မလိုက်တဲ့  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဖို့နဲ့  ကျူးလွန်သူများကို တာဝန်ခံရန် ကုလသမဂ္ဂက မျှော်လင့်ပါတယ်”​လို့ ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *