ကသာမြို့နယ်ရှိဝန်ထမ်းများ၇ရက်အတွင်း CDM လုပ် ဖို့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

စက်တင်ဘာ ၁၂ ၊ ကသာ 

စစ်ကိုင်းတိုင်းဒေကြီး  ကသာမြို့နယ်အတွင်းမှာရှိတဲ့  စစ်ကောင်စီရဲ့ ဝန်ထမ်းတွေကို   စက်တင်ဘာ ၁၆ ရက်နောက်ဆုံးထားပြီး

CDM လုပ်ကြဖို့  ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ကစနေပြီး စက်တင်ဘာလ ၁၆ ရက်နေ့အထိ တစ်ပတ်အတွင်း CDM ပြုလုပ်ဖို့အတွက် ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေရဲ့ နေအိမ်မီးရှို့တာ ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ နဲ့ စစ်ဘေးတိမ်းရှောင်ရတဲ့ ပြည်သူတွေကို မျက်ကွယ်ပြုလိို့  Non-CDM တွေက စစ်ကောင်စီရဲ့ ထောက်တိုင်တွေအဖြစ်ရပ်နေတာတွေကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။ 

  ပြည်သူလူထုနဲ့ CDM ဝန်ထမ်းတွေကို အနှောင့်ယှက်ပေးတာ ခြိမ်းခြောက်တာ မပြုလုပ်ဖို့၊ ဖမ်းဆီးစေဖို့ သတင်းပေးတာ၊ စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖို့ ရည်ရွယ်တဲ့ စာရင်းဇယားတွေ လုံးဝ မပြုစုပေးဖို့နဲ့ မလိုက်နာဘူးဆိုရင် NUG အစိုးရက ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၁၂ ရက်ကတုန်းကလည်း ကသာခရိုင်ထဲက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကို  ၁၀ ရက်အတွင်း မိမိတို့ရာထူးတာဝန်ကနေ စွန့်လွှတ်ကြဖို့နဲ့ မိမိတို့ ကျရာနယ်မြေကနေ စွန့်ခွာကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကသာခရိုင်) က ညွှန်ကြားထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *