ဒီဇင်ဘာ ၁၉ ၊ နေပြည်တော်
စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီးရာထူးရှိ ဗိုလ်ချုပ်တွေကို အပြောင်းအလဲခန့်အပ်ပေးမှုတွေရှိခဲ့ကြောင်း မနေ့ကဒီဇင်ဘာလ(၁၉)ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။
ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီးကနေဖယ်ရှားပြီး ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ကာ သူ့နေရာ(ကာကွယ်ရေးဝန်ကြီး)ကို ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား ပြောင်းလဲတာဝန်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ကာကွယ်ရေးဝန်ကြီးရာထူးအပြင် ဒုတိယဝန်ကြီးချုပ်ရာထူးကိုပါ ပူးတွဲခန့်အပ်ခြင်းခံလိုက်ရတာဖြစ်ပြီး ယခင်သူက ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတာပါ။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် သုံးပုံနှစ်ပုံကျော် တိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက် ကြည်း၊ရေ၊လေ ညှိနှိုင်းကွက်ကဲရေးမှူး ဖြုတ်ချခံလိုက်ရတယ်လို့လည်း ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။
လစ်လပ်သွားတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ရဲ့ ကြည်း၊ ရေ ၊လေ ညှိနှိုင်းကွက်ကဲရေးမှူး တာဝန်ကိုလည်း ဒု-ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ခန့်အပ်ခဲ့ပြီး လက်ရှိ ဗိုလ်ချုပ်ကြီး ၁၀ ဦးအထိ ရှိလာနေပြီလည်းဖြစ်ပါတယ်။
ဒီလိုဝန်ကြီးပြောင်းလဲခန့်အပ်တာတွေအပါအဝင် ကော်မရှင်သုံးခုကိုလည်း မနေ့ကအသစ်ထပ်မံဖွဲ့စည်းခဲ့ပြီး လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးဖွံ့ဖြိုးရေး၊စက်မှုဖွံ့ဖြိုးရေးကောင်မရှင်တို့ကို ဖွဲ့လိုက်တာလည်းဖြစ်ပါတယ်။
လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ရှိ ဥက္ကဌနေရာကို ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ခန့်အပ်ခဲ့ပြီး စက်မှုဖွံ့ဖြိုးရေးမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးမှာ ဗိုလ်ချုပ်ကြီးညိုစောတို့ကို အသီးသီးဥက္ကဌအဖြစ် တာဝန်ပေးထားပါတယ်။
မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ အာဏာသိမ်းကာလအတွင်း ၆ လတစ်ကြိမ်နီးပါး မကြာခဏ ထူးအပြောင်းအလဲတွေပြုလုပ်နေတာကို တွေ့နေရပါတယ်။