
ဇန်နဝါရီ ၈ ၊ ဝါရှင်တန်
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က ရာသီဥတုပြောင်းလဲမှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဓိကဖိုရမ်များ အပါအဝင် ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်း (၆၆) ခုမှ အမေရိကန်ပြည်ထောင်စုကို နုတ်ထွက်ရန် စီစဉ်ထားကြောင်း ကြေညာလာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေပိုင်းအတွင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းတွေထဲမှာ “ အဖွဲ့အစည်းများ၊ ကွန်ဗင်းရှင်းများနဲ့ စာချုပ်များဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်” လို့ဆိုပြီး ပြန်လည်သုံးသပ်ပြီးနောက် ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အမေရိကန်က ပါဝင်မှုကို ရပ်တန့်ပြီး အဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေအားလုံး ဖြတ်တောက်မှာဖြစ်တယ်လို့ Trump က ပြောပါတယ်။
အိမ်ဖြူတော်က မျှဝေထားတဲ့စာရင်းမှာ ကုလသမဂ္ဂမဟုတ်တဲ့ အဖွဲ့အစည်း (၃၅) ခု ပါဝင်ပါတယ်။
အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်း Panel on Climate Change (IPCC)၊ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအကူအညီပေးရေးဆိုင်ရာ နိုင်ငံတကာအင်စတီကျုအပြင် သဘာဝထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာသမဂ္ဂတို့ ပါဝင်ပါတယ်။
ကုလသမဂ္ဂရဲ့ ထိပ်တန်းရာသီဥတုပြောင်းလဲမှုစာချုပ်အဖွဲ့၊ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC)၊ ကုလသမဂ္ဂဒီမိုကရေစီရန်ပုံငွေအဖွဲ့နဲ့ မိခင်နဲ့ကလေးကျန်းမာရေးဆိုင်ရာ ထိပ်တန်းကုလသမဂ္ဂအဖွဲ့အစည်း (UNFPA )တို့ အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း (၃၁ )ခုကနေ နုတ်ထွက်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ပစ်မှတ်ထားတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းအများအပြားဟာ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံး အပါအဝင် စစ်ပွဲတွေအတွင်းကအကြမ်းဖက်မှုကနေ အန္တရာယ်ရှိတဲ့အုပ်စုတွေကို ကာကွယ်ဖို့လည်း အာရုံစိုက်ခဲ့ပါတယ်။
ထရမ့်ဟာ ပထမအစိုးရလက်ထက်မှာ အဲ့ဒီအဖွဲ့အစည်းသုံးခုမှလည်း နှုတ်ထွက်ခဲ့ပေမယ့် နောက်ပိုင်းတွင် ယခင်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့က ထရမ့်ရဲ့နုတ်ထွက်မှုများကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
WHO မှ အမေရိကန်နုတ်ထွက်မှုဟာ အိမ်ဖြူတော်မှ အမိန့်ပေးခဲ့ပြီး တစ်နှစ်အကြာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့မှာ အသက်ဝင်မှာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဟာ WHO ကို ရန်ပုံငွေ ဒေါ်လာ (၂၆၁) သန်း လှူဒါန်းခဲ့ပြီး အဲ့ဒီပမာဏက WHO ရဲ့ ကျန်းမာရေး ရန်ပုံငွေ (၁၈ )ရာခိုင်နှုန်းခန့်ရှိပါတယ်။
