အောက်တိုဘာ ၁၈ ၊ ပင်းဘော
လာမယ့် နိုဝင်ဘာလတွင် ကျောင်းများပြန်ဖွင့်နိုင်ရန်အတွက် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မိုးကောင်းမြိုန့ယ်အတွင်းက ပင်းဘောတိုက်နက်ရှိ ကျောင်းသား/သူ အယောက် တစ်ထောင်ကိုလည်း ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပထမဆုံးအကြိမ် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပင်းဘောတိုက်နယ် ခန်းမတွင် ကျန်းမာရေးဝန်ထမ်းများ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ အမျိုးသမီးရေးရာ မိခင်ကလေးစောက်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံမီးသတ် .မြန်မာနိုင်ငံရဲတပ်ဖွဲ့ပညာရေးဝန်ထမ်းများ ကျေးရွာတာဝန်ခံများမှ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရှိရပါတယ်။
စစ်ကောင်စီ၏ ကျန်းမာရေးဌာနက အသက် ၁၂ နှစ်အထက်ကျောင်းသားများကို ထိုးနှံရာတွင် ၂၀၂၁ ခုနှစ် ဇွန်လက ကျောင်းတက်ထားသူများကို သာအကျုံးဝင်ပြီး ကျောင်းအပ်ပြီးမတက်သူများ ကျောင်းမတက်သူများကို ထိုးနှံပေးမည်မဟုတ်ကြောင်း နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပုဂ္ဂလိက ကျောင်းများလည်း ထိုးနှံမည့်အစီအစဉ်တွင် မပါဝင်သေးကြောင်း ပြောဆိုထားသည်။