ခန္တီးမြို့နယ်ကျားနီပါတီဥက္ကဌဦးစိုင်းဘိုဘိုအောင်ပုဒ်မ- ၅၀၅(က ) နှင့် ထောင်ဒဏ်နှစ်နှစ်ချခံရ ​

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆင်းနေသည့် စိုင်းဘိုဘိုအောင်ကိုတွေ့ရစဉ်

ခန္တီးမြို့နယ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးစိုင်းဘိုဘိုအောင်ကို ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်ကြောင်းသိရပါတယ်။ 

(5 ) လခွဲကျော်ကြာ ဖမ်းဆီးတရားစွဲဆိုခံရပြီးတဲ့နောက် ဇန်နဝါရီလ ၂၀ ရက်နေ့မှာပဲ ခန္တီးအကျဉ်းထောင်မှာ အမိန့်ချပြီး ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ ကျားနီပါတီ ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့  ဦးတင်မြင့်က ပြောပါတယ်။ 

သူ့မိသားစုတွေကတော့ သူလွတ်မြောက်ဖို့အတွက် အသနားခံစာတင်တယ်။​တင်ပေမယ့်မရဘူး ၊ ရှင်းရှင်းပြောရင်တော့ အခုသတ်မှတ်တဲ့ဥပဒေကို ဘယ်လိုမှကျော်လွှားလို့မရနိုင်ဘူး ၊ သူတို့သတ်မှတ်တဲ့ နှစ်နှစ်ပဲ အကျခံလိုက်တာပါ့” လို့ဦးတင်မြင့်က ပြောပါတယ်။ 

ဒီအမှုကို ဆက်လက်အယူခံဖို့လဲမရှိတော့ပဲ ချုပ်ရက်တွေနဲ့ ပြန်တွက်ပြီးတဲ့နောက်မှာ တစ်နှစ်ကျော်ကျော်သာ ကျခံရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဦးစိုင်းဘိုဘိုအောင်က ခန္တီးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ 

ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရသူ လေးထောင်ကျော်ကို လွတ်ပေးတုန်းကလည်း သူ့ကို လွတ်ပေးမယ့် စာရင်းထဲပါပေမယ့် ကန့်ကွက်သူရှိတာကြောင့် မလွတ်ခဲ့ပဲ တရားဆက်လက်ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဦးစိုင်းဘိုဘိုအောင်က ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ခန္တီးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်ပါတယ်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ သပိတ်တွေမှာ ရှမ်းနီတိုင်းရင်းသားတွေက ပါဝင်ခဲ့ပြီးတော့ သပိတ်ဖြိုခွင်းမှုကြောင့် နှစ်ဦးထက်မနည်းလည်း သေဆုံးခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *