အောက်တိုဘာ ၂ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ကမ်းမြို့တွေဖြစ်တဲ့ ခန္တီးမြို့နယ် နှင့် ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာကြားတွင် ၄၈ နာရီအတွင်း( HEAVY RAINFALL) မိုးအလွန်ကြီးနိုင်ကြောင်း မိုးလေဝသ အရေး လေ့လာနေသူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လေရှီးမြို့နယ် နှင့် လဟယ်မြို့နယ်ကြား ၊ ခန္တီးမြို့ နှင့် ဟုမ္မလင်း ထမံသီကြား မိုးအလွန်ကြီးနိုင်တယ်လို့ ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့မှာ ပြောဆိုထားပါတယ်။
ခန္တီး နှင့် ထမံသီ ကြား ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးနှင့် လဟယ်မြို့ကြား တောင်ကြောပေါ်တွင် အောက်တိုဘာ ၂ ရက် ညနေ ၃ နာရီမှ အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီ(၂၄ နာရီအတွင်း) မိုးအလွန့်အလွန်များနိုင်မည့်အခြေအနေရှိပါတယ်။
မိုးအလွန်ကြီးမှုတွေကြောင့် ကယ်ဆယ်ရွေ့ပြောင်းနိုင်ရေးကိုလည်း သူက သတိပေးထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှ အောက်တိုဘာ ၁ ရက် နှင့် ၂ ရက်နေ့များတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၆၀ မီလီမီတာမှ ၈၀ မီလီမီတာ(၂.၃၆ လက်မမှ ၃ လက်မကျော်အထိ)ရွာသွန်းနိုင်- မိုးများနိုင်တဲ့ ကန့်ဘလူ၊ ကျွန်းလှ၊ စစ်ကိုင်း၊ တမူး၊ ဒီပဲယင်း၊ မုံရွာ၊ မော်လိုက်၊ ဟုမ္မလင်း မြို့တွေဖြစ်တယ်လို့ ဆိုထားပါတယ်။