ခြင်းထဲကကြက်တွေလို ဖြစ်နေတာအခုက လမ်းကလည်းရှောရူဦးမှ ဟိုမှာငြှိလိုက် ဒီမှာစစ်လိုက်နဲ့ စစ်ဆးရေးဂိတ်တွေကလည်း ပေါတာ 

နိုဝင်ဘာ ၂၁၊ ရှမ်းနီအသံ 

မိုင်တစ်ရာရှည်တဲ့ မိုးညှင်း-မြစ်ကြီးနားလမ်းပိုင်းမှာ လက်နက်ကိုင်တပ်ပေါင်းစုံရဲ့ စစ်ဆေးရေးဂိတ်ပေါင်း ၃၀ ကျော်ထက်မနည်းရှိနေပြီး ၃ နာရီခရီးက ၈ နာရီကြာအောင် ကချင်ပြည်နယ်တွင်းမှာ သွားလာနေကြရပါတယ်။ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများပြတ်တောက်နေတဲ့ ကချင်ပြည်နယ်ရဲ့လတ်တ လော လမ်းပိုင်းအခြေအနေများကို ဒေသခံတစ်ဦးနှင့် ရှမ်းနီအသံတို့ ဆက်သွယ်မေးမြန်းမှုများကို တင်ဆက်လိုက်ရပါတယ်။ 

မေး ။       ။အခုကချင်ပြည်နယ်အတွင်း ကူးသန်းသွားလာရေးအခြေအနေက ဘယ်လိုတွေရှိနေလဲရှင့်။ 

ဖြေ။         ။ခက်တာပေါ့ ခက်တာမှခက်ပဲ အခုဆင်ဘိုဒေသဘက်ကိုသွားလာဖို့ကလည်းခက် ပန်ဝါကလည်းသိမ်းလိုက်ပြီဆိုတော့လေ။ သွားဖို့လာဖို့ ဆီစျေးကလည်း ၉၂ တစ်လီတာကို ၉၈၀၀ ရှိတယ်။ ပန်ဝါပဲသွားလို့မရတာ မိုးညှင်း၊မိုးကောင်းဘက်တွေကိုတော့ သွားလို့ရတယ်။

မေး။        ။ လမ်းခရီးသွားလာရေးအခြေအနေကကောဘယ်လိုသွားနေရလဲရှင့်။

ဖြေ။         ။ ခြင်းထဲကကြက်တွေလို ဖြစ်နေတာအခုက လမ်းကလည်းရှောရူဦးမှ ဟိုမှာငြှိလိုက် ဒီမှာစစ်လိုက်နဲ့ စစ်ဆးရေးဂိတ်တွေကလည်း ပေါတာနဲ့ PDF ကတစ်မှောင့် ဗမာတပ်ကလည်းတစ်မှောင့် ဒါတောင်ကွင်းလမ်းတွေ နန့်စီးအောင်ကွင်းလမ်းကနေသွားရတာ ဒုက္ခတွေကြီးပါ့ ကားလမ်းကြီးကိုထောင်ချီလို့။

မေး။        ။ အခုလိုလမ်းပိုင်းတင်းကြပ်မှုတွေနဲ့ဆိုတော့ ဒေသအတွင်းက စီးပွားရေးနဲ့ကုန်စျေးနှုန်းအခြေအနေကကော။

ဖြေ။         ။အော် အလုပ်အကိုင်ကမရှိကြတော့ဘူး။ မရှိကြတော့တဲ့အခါကျတော့ ခက်ခဲကြတာပေါ့အားလုံး စျေးရောင်းလည်းပါးနေကုန်ကြတော့တာ ကုန်စျေးနှုန်းကလည်းကြီးတာပေါ့ ငါးပေါက်စလေးတွေတောင်မှ အစိတ်သား(၈၀၀၀)ထောင်၊ ဒါဒေသတွင်းက ချောင်းငါး၊မြစ်ငါးတွေနော် အသွားအလာကသိပ်မရှိတော့လေ တအားစျေးကြီးတာပါ့ ဒေသတွင်း စားဝတ်နေရေးဆို အခုကရွှေညောင်ပင်ဘက်တို့၊ ဝိုင်းမော်ဘက်က လယ်တွေဆို ဘယ်သူမှမလုပ်ရတော့ဘူး လယ်တွေအများကြီးပျက်သွားပြီလေ လုပ်ကိုမလုပ်နိုင်ကြတော့တာတွေအများကြီး လာမယ့်နှစ်ဆို ဒီထက်ခက်ခဲနိုင်တယ် 

မေး။       ။ဒီလိုအခြေအနေတွေကို ဘယ်လိုနည်းနဲ့ဖြေရှင်းနိုင်မယ်လို့ထင်လဲ။ လာမယ့်နှစ်တွေမှာ ဒီထက်ဆိုးလာနိုင်လား။

ဖြေ။       ။ ဒီထက်ဆိုးလာနိုင်လားဆိုတော့ နိုင်ငံတော်အစိုးရပေါ်မူတည်တာပေါ့ အစိုးရကရှင်းလင်းနိုင်ရင် လမ်းကြောပေါက်လာပြီး ကုန်သွယ်မှုဖြတ်သန်းစီးဆင်းမှုများလာရင် ကုန်စျေးနှုန်းတွေလည်းအကုန်ကျလာမယ်ဆို အားလုံးကသက်တောင့်သက်သာရှိလာမှာပေါ့ အခုကဖြင့်တပ်မတော်(ဗမာစစ်တပ်)ကလည်း လုံခြုံရေးကအပြည့်အဝဘာမှမယူနိုင်ဘူးလေ။ 

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *