ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကာလမှာတပ်ကိုတိုက်ခိုက်ရင်တုံ့ပြန်မယ်လို့စစ်ကောင်စီထုတ်ပြန် 

ဧပြီ ၂၃ ၊ နေပြည်တော် 

ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဖိတ်ခေါ်လိုက်ပြီး သူကိုယ်တိုင်တွေ့မယ်လို့ ဖိတ်ခေါ်ပြောဆိုလိုက်ပြီး အဲ့ကာလမှ တပ်ရဲ့ ဌာနချုပ် ၊ တပ်စခန်းတွေကို တိုက်ခိုက်မယ်ဆိုရင် တုံ့ပြန်သွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့ညကထုတ်ပြန်ပါတယ်။​

စစ်တပ်ဘက်က ၂၀၂၂ ခုနှစ်ကုန်ပိုင်းထိ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်စဲထားပြီး  ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့လည်း ဆိုပါတယ်။ 

ဒီလိုငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်တာကြောင့် လက်တွေ့ကျကျ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို မနေ့က ဖိတ်ခေါ်တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဖိတ်ခေါ်ထားတဲ့ ကာလနဲ့ တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့  အင်အားစုဆောင်းတာ ၊​နယ်မြေချဲ့ထွင်တာ ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်တွေကို တိုက်ခိုက်တာတွေကို လုပ်ရင် တုံ့ပြန်အရေးယူသွားမယ်လို့ အသိပေးစာထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ လာမယ့် မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ စာရင်းကို ပေးပို့ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ပြောဆိုထားပါတယ်။ 

စစ်ကောင်စီက ဒီနှစ်အတွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖေဖော်ဝါရီလကတစ်ကြိမ်ကမ်းလှမ်းမှုတွေရှိခဲ့ပြီး အခုက ဒုတိယတစ်ကြိမ်လည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *