စက်သုံးဆီစျေးတရိပ်ရိပ်မြင့်လာနေဆဲဖြစ်ပြီး သတ်မှတ်စျေးထက်တစ်ဆကျော်ပိုပေးဝယ်ယူနေရ 

မိုးညှင်းမြို့မှာ စက်သုံးဆီတစ်လီတာ ၅၀၀၀ ကျပ်နဲ့အထက်မှာ ဝယ်ယူသုံးစွဲနေရ

ဩဂုတ် ၃၀ ၊ မိုးညှင်း 

စက်သုံးဆီစျေး သတ်မှတ်ရည်ညွှန်းစျေးက  ဩဂုတ်လ ၃၀ ရက်နေ့ဤ ရန်ကုန်မြို့မှာ  ၂၅၀၀ ကျပ်ကျော်ထိမြင့်လာပြီး ကျိုင်းတုံမြို့မှာ ၃၂၀၀ ကျပ် အထိမြင့်တက်လာတာလည်းဖြစ်ပါတယ်။ 

ဒီလိုသတ်မှတ်စျေးက ဩဂုတ်လ ၂၉ ရက်နေ့ထက် ပျှမ်းမျှ တစ်ရာကျပ်ကနေ ၂၅၀ ကျပ်အထိမြင့်တက်နေတာလည်းဖြစ်ပါတယ်။ 

လုပ်ငန်းသုံးဖြစ်တဲ့ ဒီဇယ်စျေးတွေကလည်း တစ်လီတာကို သုံးထောင်ကျပ်ကနေ ၄ ထောင်ကျပ်နီးနီးမြင့်တက်လာခဲ့ပါတယ်။ 

“ အခုမိုးညှင်းမှာ ဓာတ်ဆီဗူးတစ်ဗူးကို ငါးထောင် ၊ လေးထောင့်ရှစ်ရာ၊ အဲ့လိုတွေပေးဝယ်နေရပြီ။ ဆီဆိုင်ကြီးတွေကလည်း ဆီမရှိတော့ လမ်းဘေးဆိုင်နားကပဲဝယ်ဝယ်နေရတာ” လို့ မိုးညှင်းမြို့ခံ တစ်ဦးက ပြောပြပါတယ်။ 

စစ်ကောင်စီသတ်မှတ်စျေး ၂၃၀၀ ကျပ်ကတည်းက  စျေးကွက်ထဲမှာ တစ်လီတာ ကျပ် ၄၀၀၀ ကနေ ၅၀၀၀ အထိပေးဝယ်နေရတာလည်းဖြစ်ပါတယ်။ 

တချို့ဒေသတွေမှာ စက်သုံးဆီစျေးမြင့်တက်နေမှုကြောင့် လုပ်ငန်းရပ်နားမှုတွေဆက်တိုက်ရှိနေပြီး အခြေခံစားသောက်ကုန် ၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေမှာ စျေးနှုန်းမြင့်တက်နေတယ်လို့လည်း သိရပါတယ်။ 

ဒီလိုစျေးမြင့်ရောင်းချမှုတွေကို အရေးယူနိုင်တယ်လို့ စစ်ကောင်စီရဲ့ စစ်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း ကြီးကြပ်ရေးကော်မတီက ဆိုပေမယ့်  စက်သုံးဆီရောင်းချခွင့်လိုင်စင်ရထားသည့်ဆိုင်အများစုကလည်း သတ်မှတ်စျေးထက် ပိုရောင်းချနေကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *