စစ်ကိုင်းတိုင်းထဲက (၁၅) မြို့နယ်မှာကြားကာလတရားစီရင်ရေးအာဏာကို NUG သမ္မတကအပ်နှင်း 

မေ ၁၉ ၊ ရှမ်းနီအသံ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြားကာလအတွင်း တရားစီရင်ရေးအာဏာတွေကျင့်သုံးဆောင်ရွက်နိုင်ဖို့အတွက် စစ်ကိုင်းတိုင်းထဲက (၁၅) မြို့ကို အပ်နှင်းလိုက်တယ်လို့  ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီလိုအပ်နှင်းလိုက်တဲ့ မြို့နယ်တွေက စစ်ကောင်စီတပ်နဲ့ PDF တို့ကြားတိုက်ပွဲဖြစ်ပွားနေတဲ့  စစ်ကိုင်းတိုင်းအထက်ပိုင်းထဲကမြို့နယ်တွေမှာ အပ်နှင်းလိုက်တာလည်းဖြစ်ပါတယ်။ 

NUG က စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂၉ မြို့နယ်မှာ  ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ အုပ်ချုပ်မှုလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ ဧပြီလမှာ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲမှာ PDF တွေအချင်းချင်း သတ်ဖြတ်မှုတွေလည်း ၂၀၂၁ ခုနှစ်ကုန်ပိုင်းမှာ နဲ့ ၂၀၂၂ နှစ်စပိုင်းမှာဖြစ်ပွားခဲ့ပြီး တရားစီရင်နိုင်ရေးအတွက် NUG ဘက်က လုပ်ဆောင်နေတယ်လို့ မီဒီယာတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။ 

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီနဲ့ PDF တွေရဲ့ တိုက်ပွဲနေ့စဉ်နီးပါး ဖြစ်ပွားနေပြီး လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် နေအိမ်မီးရှို့ခံနေရမှုကလည်း ထောင်နဲ့ချီရှိနေပြီလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *