စစ်ကိုင်းတိုင်းဒေသကြီးရှိ တစ်ခုတည်းသော ဒေသအခြေပြုပါတီ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) ပါတီမှ အတွင်းရေးမှူး စိုင်းလှိုင်ငြိမ်းနဲ့ တွေ့ဆုံမေးမြန်းခြင်း

မေး။ ။ ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲအတွက် မဲကိစ္စ ၊ လူဦးရေစာရင်းကောက်ယူမှုကိစ္စတွေက အခြေအနေ ဘယ်လိုရှိနေလဲခင်ဗျာ့။

ဖြေ။ ။ သန်းခေါင်စာရင်းကိစ္စတွေကတော့ သူတို့ ကောက်ထားကြပြီးတဲ့ ပန်းခင်းစီမံချက်ကို အခြေပြုပြီးတော့မှ နောက်ထပ် ပြန်ကောက်တဲ့ဟာတွေ နောက်ထပ် ရပ်ကျေးစာရေးတွေနဲ့ အုပ်ချုပ်ရေးမှူး တွေ ပြန်လို့ကောက်ထားတဲ့ဟာတွေ တော်တော်လေးတော့ ရှိထားကြပြီးပါပြီ ။ ထုတ်ပြန်မှုအပေါ်မှာကတော့ သူတို့ နဲ့လည်း ၂၀၂၄ တုန်းက ထုတ်ပြန်ရမှာ။ 

မေး။ ။ ရွေးကောက်ပွဲကော်မရှင် UEC နဲ့ နိုင်ငံရေးပါတီတွေနဲ့ ခဏခဏတွေ့ကြတယ်။ ဘာတွေထူးခြားမှုတွေရှိလဲခင်ဗျာ့။ 

ဖြေ။ ။ နိုင်ငံရေး ပါတီ အပိုင်းခြားတွေမှာကလည်းပဲ အားလုံးက တစ်လတစ်ခေါက်နီးပါး အစည်းဝေးသွားနေကြသော်ငြားလည်းပဲ UEC ကလည်းပဲ ဖြစ်မြောက်အောင် ဖန်တီးလာတဲ့အနေထားမျိုး အလုပ် ပြီးမြောက်တဲ့ဟာကို သူတို့ရဲ့ဒီကော်မရှင်နဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းပြီးမြောက်မှုအနေအထားမျိုး ကို ပါတီ တွေကို မချပြဘူး ဒီကြားထဲမှာ တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးနဲ့ သဘောတူညှိနှိုင်းဆွေးနွေးကော်မတီကလည်းပဲ အခု ဒါ ဗိုလ်ချုပ်ထွန်းနောင် ကနေ အခု ဗိုလ်ချုပ်ရာပြည့် ဖြစ်သွားပြန်ပြီ ဗိုလ်ချုပ်ရာပြည့် က ပထမကတော့ ပြည်ထဲရေးဝန်ကြီး အနေနဲ့ ကိုင်တွယ်ထားပြီးတော့ အခုနောက်ပိုင်းကျတော့ နတလ ဝန်ကြီးအနေနဲ့ ပြန်ကိုင်တွယ်လာတဲ့အနေထားမျိုးမှာပေါ့။  

မေး။  ။ UEC က လက်ရှိအခြေအနေမှာ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ပြောချင်တာပေါ့။ 

ဖြေ။ ။ ပွင့်လင်းမှုမရှိဘူး ဆိုတာထက်ကို သူတို့က ဘယ်လိုပြောမလဲ အခုဆိုရင်တော့ UEC ဥက္ကဌ ချိန်းတာနှစ်ယောက်ရှိသွားပြီ ချိန်းတဲ့အနေအထားမျိုးမှာ ကျွန်တော်တို့ဆိုရင်တော့ ကျွန်တော်တို့ပြောတယ် သူတို့ ဒီရွေးကောက်ပွဲ နဲ့ဆိုင်တဲ့ ကျွန်တော်တို့ကတော့ နယ်မြေ သတ်မှတ်မှုတွေ နောက်ဆုံး ကိုယ်စားလှယ် ၊ နယ်မြေသတ်မှတ်မှု ရှိမှ ကိုယ်စားလှယ် ရွေးထုတ်လို့ ရမှာကိုး ရွေးထုတ်ရတဲ့အပိုင်းမှာကလည်း ဒီကိုယ်စားလှယ်တွေကို ကျွန်တော်တို့ပါတီအနေနဲ့ ကတော့ မိုးကျရွှေကိုယ်တော့ လက်မခံနိုင်ဘူး သူတို့ဟာသူတို့ နိုင်ငံတော်တာဝန် ကို ဘယ်လောက်ထိတာဝန်ထမ်းဆောင် ခဲ့တယ်ပဲ ပြောပြော ကျွန်တော်တို့ဒေသမှာ ဘာအလုပ်မှလာမလုပ်ပြတဲ့လူ ဘာကျေးဇူးမှ မရှိတဲ့လူ လူထုအသိနည်းတဲ့လူကိုတော့ လက်မခံနိုင်ဘူး သူတို့ကို ထည့်မဲ့အစား ဒီမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေ လူသိများနေတဲ့လူငယ် တွေကိုပဲ ထည့်လို့ ရွေးချယ်ခံလိုက်မှာပါ့။

ရွေးကောက်ပွဲ အတွက်ကို ရည်ရွယ်ပြီး လုပ်ခဲ့တာတော့ မဟုတ်ဘူး နဂိုရှိရင်းစိတ်ဓါတ်နဲ့ လူငယ်အဖွဲ့ ကနေပြီးတော့ လမ်း တံတား ဘယ်သူမှမဆွဲတဲ့ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်နိုင်‌ရေး အတွက်ကို ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ အလုပ်လုပ်ခဲ့ကြတာလည်းအများကြီးရှိတာကိုး ဒီချင်းတွင်းမြစ်ရိုးပိုင်းဆို တော်တော်များများ ထိုးဖောက်နိုင်ခဲ့တယ် ပါတီ နဲ့ ပြည်သူ တွေချိတ်ဆက်နေဆဲပဲ ပါတီအနေနဲ့ တစ်သီးတစ်သန့်ကြီး တွေ့ဆုံမှု စည်းရုံးမှု မလုပ်တာတစ်မယ်ပဲရှိတယ် ။ အဲ့ဒါကြောင့် တစ်ချို့တွေကလည်း လိုင်းပေါ်မတက်လာဘူး ပါတီ ငြိမ်နေတယ် ပြောကြတယ် သူတို့မသိတဲ့ အကြောင်းအရာကတော့ ကျွန်တော်တို့ခေါင်းစဥ် နဲ့ ကျွန်တော်တို့ လုပ်ဆောင်နေကြတာများတယ် ဘာဖြစ်လို့လဲဆိုတော့ ပါတီရဲ့အနေထားမျိုးကလည်း ပါတီဖွဲ့လိုက်တဲ့ အနေထား မျိုး မှာ ဥက္ကဌ သိန်းဖေမြင့်လို့ပြောတဲ့   နောင်ပူအောင်က  ဦးမောင်သိန်းက ဥက္ကဌ တာဝန်ကို သူယူပေးမယ် လူကြီးတွေမရှိတော့ တဲ့ အချိန်မှာ နှုတ်ထွက်လာတဲ့အချိန်မှာ သူလုပ်ပေးမယ် မင်းတို့လူငယ်တွေ မင်းတို့နည်း မင်းတို့ဟန်နဲ့ရုန်းကန်လှုပ်ရှားပြီးတော့မှ ပါတီကိုပြန်တည်ဆောက် အဲ့ဒါဆိုတော့ ကျွန်တော်တို့က အခုလိုအချိန်မှာ ပါတီကို တည်ဆောက်ဖို့ရာအတွက်ကို ရေပေါ်ဆီမလုပ်တော့ဘူး ဘာဖြစ်လို့လဲဆိုတော့ သူတို့ဒေသ နဲ့ လက်ပွန်းတတီး ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့စေတနာ ကိုသူတို့ သိရင် ရွေးကောက်ပွဲ ရောက်ရင် ရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများ အနေနဲ့ ဝင်ပြိုင်ရင် ပြည်သူတွေက ကျွန်တော်တို့ကို တန်းသိပြီးသားဖြစ်စေရမယ် ထောက်ခံပြီးသား ဖြစ်စေရမယ် ။ အရင်တုန်းကလို စစ်ဘေးရှောင်တွေကို ရှမ်းနီ (တိုင်းလျန်)ပါတီ က ဘာဖြစ်တယ်ညာဖြစ်တယ် ဘယ်လိုမျိုးလှူဒါန်းပါတယ် ဘယ်လိုမျိုး မစို့မပို့တွေလုပ်ပါတယ် ဒီလိုသွားမလုပ်တော့ဘူး ဒါပေမဲ့ ကျွန််တော်တို့လုပ်နေခဲ့တာ နည်းတာမဟုတ်ဘူး ကျွန်တော်တို့လူငယ်တွေ အလုပ်လုပ်နေတဲ့ စစ်ဘေးရှောင်ဆို စစ်ဘေး၊ ရေဘေး ဆို ရေဘေး ကျွန်တော်တို့ ဒီတခြား founder တွေနဲ့ ချိတ်ပြီးဒီကိုခေါ်ပြီးတော့ ဆန်တွေ ဝေနေတာတွေရှိတယ်။ ဆိုလာမီး‌လင်းရေး တွေဝေနေတာရှိတယ် ဒါလဲ ကျွန်တော်တို့ အလှူရှင်တွေ ခေါ်ဖို့ လုပ်တာကျွန်တော်တို့လုပ်တာပဲ ဒါကို ပါတီကလုပ်တယ် ဘယ်သူမှမသိဘူး ကျွန််တော်တို့လုပ်တယ်ဆိုတာသိတယ် အဓိက က လုပ်ပေးနေတယ်ဆိုတာ လူတိုင်းသိဖို့ အရေးကြီးတယ် ရွေးကောက်ပွဲရောက်လာတာနဲ့ ကျွန်တော်တို့ ‌ရွေးကောက်ခံကိုယ်စားလှယ် ထွက်လာခဲ့တာနဲ့ ဒီလူဒီလူတွေဟာ ဒီဒေသမှာ ဒါမျိုးတွေလုပ်ပေးနေတဲ့ လူတွေပါလား ပြည်သူလူထုက ချက်ချင်းသိရင် လက်ခံနိုင်တဲ့အနေအထား ယုံကြည်နိုင်တဲ့အနေအထားမျိုးရှိရင် ရပြီ။ ပါတီခေါင်းစဥ် နဲ့ ပြည်သူလူထုကို လုပ်ပြတာမဟုတ်ဘူး။

မေး။ ။လက်ရှိမှာက ဟုမ္မလင်းဒေသတစ်ခုလုံးနီးနီးမှာ အဖွဲ့အစည်းနာမည် မသုံးဘဲ အမျိုးသားနာမည်သုံးပြီးပြောတဲ့ မုန်းတီးရေးစကားကြားရတယ် ဒီရဲ့စကားသံတွေကြောင့် ရွေးကောက်ပွဲအချိန်မှာ ထိခိုက်မှုရှိနိုင်လား ။

တစ်ခုတော့ ပြောထားပါတယ် ဟိုဘက်ကလည်း နိုင်သလောက်တော့ ရှင်းပြနေရဆဲပဲ စစ်ဘက်ပိုင်းဆိုင်ရာဘက်ကလည်း စစ်ဘက်ပိုင်းဆိုင်ရာနည်းလမ်းတွေနဲ့ သွားရမှာရှိနေသလို နိုင်ငံရေးပါတီအနေနဲ့ အရေးပေါ် လမ်းစဥ် သွားရမဲ့အနေအထားတွေ ရှိနေကြတယ် ဒါကို ပြည်သူတွေက ကွဲကွဲပြားပြားမြင်ပေးဖို့ ကျွန်တော်တို့က ချပြနေရဆဲပဲ။ 

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *