စစ်ကိုင်းနှင့်ကချင်ပြည်နယ်အခြေစိုက်ရှမ်းနီပါတီတွေကိုပါတီတည်ထောင်ခွင့်ပြု 

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အခြေစိုက် ရှမ်းနီပါတီနှစ်ခုကို မေလ ၂ ရက်နေ့မှာ ပါတီတည်ထောင်ခွင့်ပြုလိုက် ကြောင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။ 

မနေ့က မေလ ၂ ရက်နေ့ မှာ  ရှမ်းနီတိုင်းရင်းသားပါတီ နှစ်ခုဖြစ်တဲ့  တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီ  TNDP နှင့်   ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ  (SSP) တို့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုပေးလိုက်ကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ 

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP က ကချင်ပြည်နယ်တွင်းနှင့်  ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ SSP ပါတီက  စစ်ကိုင်းတိုင်းဘက်မှာ ဝင်ရောက်အရွေးခံဖို့ မှတ်ပုံတင်ထားတာ ဖြစ်တယ်လို့ ရှမ်းနီအသံက သိရှိထားပါတယ်။ 

ဒါကြောင့် ကချင်ပြည်နယ်အတွင်းမှာ စည်းရုံးသွားမယ့် နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီကောင်စီရွေးကောက်ပွဲကော်မရှင်ဆီမှာ ပါတီမှတ်ပုံတင်ထားတဲ့ ပါတီ သုံးခုရှိလာပြီဖြစ်ပြီး ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီ ၊  ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၊ နှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီ TNDP တို့ဖြစ်တယ်လို့သိရပါတယ်။

မေလ ၂ ရက်နေ့ တစ်ရက်တည်းမှာပဲ  ရခိုင်ဦးဆောင်ပါတီ AFP နှင့်  ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ တို့ကိုပါ နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်ခွင့်ပေးလိုက်တာလဲဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *