စစ်ကိုင်း၊မကွေးတိုင်းတွေထဲကစစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ်မှာ  အကြမ်းဖက်မှုနဲ့တရားစွဲပြစ်ဒဏ်ချမှတ်ခံရသူ   ၆၃ဦးထိရှိလာ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ နယ်မြေအတွင်းရှိ  စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ်များတွင် တစ်လကျော်အတွင်း အရပ်သားအပါအဝင် (၆၃) ဦးသည် အကြမ်းဖက်မှုနှင့် တရားစွဲဆိုပြစ်ဒဏ်ချမှတ်ထားခံရကြောင်း စစ်ကောင်စီရဲ့ တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။ 

စစ်ကောင်စီက အကြမ်းဖက်မှုဥပဒေနှင့်တရားစွဲဆိုသူများတွင် အွန်လိုင်းပေါ်တွင် စာရေးသားဖြန့်ဝေသူများ၊  အမျိုးသားညီညွတ်ရေးအစိုးရ( NUG)  ကိုထောက်ခံကြောင်းပြသည့် လူမှုကွန်ရက်ပေါ်က ဓာတ်ပုံမှတ်တမ်းများဖြင့် တရားစွဲဆိုခံရသူများလည်းပါဝင်သည်ကိုတွေ့ရှိရသည်။ 

ဒါ့အပြင် PDF တပ်ဖွဲ့ရောက်ရှိကြောင်း  သတင်းပေးပို့မှု ပျက်ကွက်သူများ၊  အစားအသောက်နှင့်ငွေကြေးထောက်ပံ့ သူများလည်း ပါဝင်ကြောင်း သိရပါတယ်။ 

အကြမ်းဖက်မှုပုဒ်မတွေ ပြစ်ဒဏ်ချမှတ်ရာမှာလည်း ထောင်ဒဏ်အနည်းဆုံး လေးနှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်ချမှတ်ထားတာလည်းဖြစ်ပါတယ်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ စစ်အုပ်ချုပ်ရေး (Martial Law) ပေးအပ်ထားတဲ့မြို့နယ်တွေက စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၄ မြို့နယ်၊ မကွေးတိုင်းတွင် (၅) မြို့နယ် နှင့် ချင်းပြည်နယ် (၇) မြို့နယ်တို့ပါဝင်နေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *