စစ်ကောင်စီကထောင်ချထားသူတစ်ထောင်ကျော်ထဲက  နှစ်ရာကျော်သေဒဏ်ချမှတ်ခံထားရ 

ဇွန်ရန်ကုန် 

စစ်ကောင်စီက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားတဲ့ အကြောင်းပြချက် နဲ့ ဖမ်းဆီးထားသူတစ်သောင်းကျော်ရှိတဲ့ထဲကမှ ထောင့်နှစ်ရာကို ထောင်ဒဏ်ချမှတ်ထားပြီလည်းဖြစ်ပါတယ်။ 

ထောင်ဒဏ်ချမှတ်ထားခံရသူတွေထဲကမှ သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ 209 ဦးထိ ရှိလာနေပြီလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ့ ISP က ထုတ်ပြန်မှုအရ သိရပါတယ်။ 

အဲ့ထဲမှာမှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ၊ NLD  လွတ်တော်အမတ် ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို သေဒဏ်အတည်ပြုခဲ့ပါတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုမင်းထွန်းက မီဒီယာတွေကို ပြောဆိုထားပါတယ်။ 

သေဒဏ်ချမှတ်ခံထားရသူတွေထဲက ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကဖြစ်ပြီး ၊  အသက် (၁၈) မပြည့်သေးတဲ့ ယောကျာ်လေးနှစ်ဦးပါဝင်နေတယ်လို့လည်း ISP က ထုတ်ပြန်ပါတယ်။ 

ကုလသမဂ္ဂ ၊ ပြင်သစ်နိုင်ငံ ၊  အမေရိကန်နိုင်ငံ နဲ့  NUG တို့က ဒီလိုသေဒဏ်အပေါ်မှာ ရှုတ်ချဝေဖန်ခဲ့ကြသလို စစ်ကောင်စီဘက်ကလည်း ပြန်လည်ကန့်ကွက်မှုတွေပြုလုပ်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *