စစ်ကောင်စီခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ KIA/KIO မတက်ဘူးလို့ဆို

မေ ၅ ၊ လိုင်ဇာ

ဧပြီလက စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIA/KIO မတက်ဘူးလို့ ဒီနေ့ မေလ (၅) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ပါဝင်သင့်သူအားလုံး ဖိတ်ခေါ်ခြင်းမရှိတာရယ်၊​ နိုင်ငံအရေးအရာတွေကို ဆွေးနွေးအဖြေရှာမယ့် သဘောထားမပါရှိတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ 

ပါဝင်သင့်သူတွေအားလုံး ပါဝင်နိုင်ပြီး နိုင်ငံအရေးအရာတွေကို တန်းတူဆွေးနွေးနိုင်မယ့် အချိန်အခါ၊ အခင်းအကျင်းရှိမှ ပါဝင်ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က မေလ (၉) ရက်နေ့ကို နောက်ဆုံးထားပြီး ငြိမ်းချမ်းရေးတက်ရောက်ဆွေးနွေးမယ့် သူတွေရဲ့ စာရင်းပေးသွင်းဖို့ ပြောဆိုထားပါတယ်။ 

အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့က လာမယ့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဆိုင်းပြင်းနေမှုတွေလည်းရှိနေပါတယ်။ 

စစ်ကောင်စီဖိတ်ခေါ်တဲ့ထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ PDF တွေမပါဝင်ကြောင်းလည်း ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *