စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီး စစ်ကိုင်းတိုင်းထဲပျက်ကျပြီး လေယာဉ်မှူးသေဆုံး  

ပျက်ကျသည့် လေယာဉ်အပိုင်းအစများ

ဖေဖော်ဝါရီ ၁၆ ၊ စစ်ကိုင်း 

စစ်ကောင်စီ တိုက်လေယာဉ်တစ်စီး  လေ့ကျင့်ပျံသန်းမှုတွေပြုလုပ်နေစဉ်အတွင်းမှာ စက်ချို့ယွင်းပြီး စစ်ကိုင်းမြို့ အုန်းတောကျေးရွာအနီး  ရေမျက်ကြီးအင်းမှာ ဒီနေ့ ဖေဖော်ဝါရီ (၁၆)ရက် မနက်မှာ ပျက်ကျခဲ့တယ်လို့ စစ်ကောင်စီမီဒီယာတွေက ထုတ်ပြန်လာခဲ့ပါတယ်။ 

ဒီနေ့မနက် ၁၀ နာရီခွဲကျော်အချိန်က လေ့ကျင့်ဧရိယာအတွင်းကနေ ဆက်သွယ်ရေးပျက်တောက်သွားပြီးတော့ နောက်ထပ်လေယာဉ်တစ်စီးနဲ့ ရှာဖွေမှုတွေပြုလုပ်ရာမှာ ရေမျက်ကြီးအင်းအတွင်း ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။ 

မောင်းနင်သူ လေယာဉ်မှူးကတော့ သေဆုံးသွားကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသတင်းဌာနကို ဖြေဆိုထားပါတယ်။ 

စစ်ကောင်စီရဲ့ စစ်လေယာဉ်တစ်စီးက ၂၀၂၁ ခုနှစ် ဇွန်လမှာ ၁၀ ရက်နေ့မှာ ပျက်ကျခဲ့ဖူးပြီး ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကိုလည်း ၂၀၂၁ ခုနှစ်အတွင်း KIA က ပစ်ချခဲ့ဖူးပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *