စစ်တပ်ကနေအိမ်တွေကိုမီးရှို့မှုကြောင့်ပျက်ဆီးတဲ့နေအိမ်ခြောက်ထောင်ကျော်ထိရှိလာ 

လစဉ်အလိုက် နေအိမ်မီးရှို့ခံရသည့်စာရင်း Data for May

မတ် ၃ ၊ ရန်ကုန် 

စစ်ကောင်စီတပ်တွေက ကျေးရွာတွေအလိုက် မီးရှို့မှုတွေကြောင့် နေအိမ်ခြောက်ထောင်ကျော်အထိရှိလာကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားပါတယ်။ 

အဲဒီ ဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံအနှံ့ နေရာပေါင်း ၁၆၅ နေရာလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး  မြေပုံ၊ ဂရပ်တွေနဲ့တကွ ယှဉ်တွဲဖော်ပြထားခဲ့ကာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီပြီးတော့ ရေတွက်ထားတယ်လို့ ဆိုပါတယ်။

ဒီမတ်လသုံးရက်အတွင်းမှာလည်း နေအိမ် (၃၂) လုံးအထိ မီးရှို့ဖျက်ဆီးထားခံရကြောင်း ထုတ်ပြန်ထားပါတယ်။​

သူတို့ရဲ့ ထုတ်ပြန်ချက်အရ  စစ်ကိုင်းထိုင်းထဲမှာ နေအိမ် သုံးထောင်ခြောက်ရာကျော်နဲ့ အများဆုံးဖြစ်ပြီးတော့ ဒုတိယက မကွေးတိုင်းထဲမှာ အိမ်ခြေတစ်ထောင်ကျော်နဲ့ ချင်းပြည်နယ်မှာ ရှစ်ရာရှစ်ဆယ့်ငါးအိမ် မီးရှို့ဖျက်ဆီးခံရတာလည်းဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ဇွန်လကတည်းက နေအိမ်မီးရှို့ခံရမှုတွေဖြစ်ပေါ်လာခဲ့ပြီး  (၁၀) လအတွင်းမှာ ဖေဖော်ဝါရီလက နေအိမ်နှစ်ထောင့်ရှစ်ရာကျော်အထိ ဖျက်ဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *