စစ်ဘက်ဆိုင်ရာနိုင်ငံတကာကျင့်ဝတ်တွေကိုလိုက်နာကြဖို့ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ထုတ်ပြန် 

မေ ၅ ၊ မူဆယ် 

ပေါ်တာဆွဲခံလိုက်ရတဲ့ ရှမ်းလူငယ်ခေါင်းဆောင်လည်းဖြစ် ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်သူနဲ့ 

အပါအဝင်လူငယ် ၂ ဦး  TNLA နဲ့ စစ်ကောင်စီတိုက်ပွဲကြောင့် မေလ ၄ ရက်နေ့ ညမှာ သေဆုံးခဲ့ပါတယ်။ 

သူသေဆုံးမှုက စစ်ကောင်စီတပ်တွေ သူ့ကားကို ချောဆွဲပြီး မူဆယ်မြို့မော်တောင်းရွာအနီးမှာ   TNLA တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သူ့ကားလက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ အရပ်သားကားတွေကို အတင်းအဓမ္မ အကာအကွယ်ပြုတာ ၊ အရပ်သားပစ်မှတ် စစ်ရေးပစ်မှတ်တွေကို သေချာခွဲခြားခြင်းမရှိတာတွေကြောင့်ဖြစ်တာလို့ ကော်မတီက ယူဆကြောင်းထုတ်ပြန်ပါတယ်။ 

နောက်နောင်မှာ ဒီလိုဖြစ်ရပ်တွေမဖြစ်လာစေဖို့အတွက် ပြည်သူတွေကိုအကာအကွယ်ယူ သွားလာနေထိုင်လှုပ်ရှားတာတွေမပြုလုပ်ဖို့ ၊အရပ်ဘက်စစ်ဘက်ပစ်မှတ်တွေကို သေချာခွဲခြားဖို့နဲ့ အများပြည်သူရဲ့ လုံခြုံရေးကိုအာမခံနိုင်ဖို့ ဂျနီဗာကွန်ဗန်းရှင်းအပါအဝင် စစ်ဘက်နဲ့ အရပ်ဘက်ဆိုင်ရာ နိုင်ငံတကာကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ တောင်းဆိုထားပါတယ်။ 

စိုင်းစံလှသေဆုံးမှုကိုလည်း လူငယ်တွေအတွက်ခေါင်းဆောင်တစ်ဦးဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး CSSU က သူ့လုပ်ဆောင်ချက်တွေကို မော်ကွန်းတင်ထားတယ်လို့လည်းထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *