စစ်မှုမထမ်းမနေရဥပဒေကို၂၀၂၂ခုနှစ်ထဲအကောင်အထည်ဖော်သွားဖို့စစ်ကောင်စီဥက္ကဌပြော

၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား

စစ်မှုမထမ်းမနေရ ဥပဒေအရ  ဒီနှစ် ၂၀၂၂ ခုနှစ်ထဲမှာ အကောင်အထည်ဖော်သွားဖို့ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။ 

“ နိုင်ငံသား စစ်မှုထမ်းဥပဒေက အဲ့မှာ နိုင်ငံသားတွေက စစ်မှုထမ်းရမယ် တစ်နှစ်တန်သည် နှစ်နှစ်တန်သည် သုံးနှစ်သန်သည် စစ်မှုထမ်းရမယ် သူ့ရဲ့ သတ်မှတ်ထားတဲ့ဟာအတိုင်း စစ်မှုထမ်းရမယ်။ တစ်နှစ်လည်းဖြစ်ရင်ဖြစ်မှာပေါ့ ၊ တစ်နှစ်ခွဲလည်းဖြစ်ရင်ဖြစ်မှာပဲ တိုင်းပြည်ရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ရမှာပေါ့။ဒါက လုပ်ရမှာပဲ မလုပ်လို့မရဘူး။” လို့ ပြောကြားခဲ့ပါတယ်။ 

ဒီဥပဒက လက်ရှိအချိန်မှာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေရှိနေခြင်းကြောင့် အကောင်အထည်ဖော်နိုင်တဲ့အပြင် ပြည်တွင်းစီးပွားရေးနဲ့ နိုင်ငံရေးတွေကြောင့်လို့လည်း ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရဥပဒေလို့လူသိများတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို  ယခင် (နအဖ) စစ်အစိုးရလက်ထက်  ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်က  ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်မှတ်ရေးထိုးပြဌာန်းခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီနှစ်ထဲမှာ စီးပွားရေးကို အားကောင်းလာအောင်ဆောင်ရွက်မယ့် အပြင် ပါတီစုံဒီမိုကရေစီကိုဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

မြန်မာ့စီးပွားရေးကိုတော့ ကမ္ဘာ့ဘဏ်က တစ်ရာခိုင်နှုန်းသာ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားသလို ဥရောပကုမ္ပဏီကြီးတွေကလည်း မြန်မာနိုင်ငံထဲကနေ ထွက်ခွာနေကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *