စစ်သားသစ်စုဆောင်းခြင်းတွေကိုယာယီရပ်နားထားမယ်လို့ RCSS/SSA ဆို 

ဒေသခံတွေဆီကနေ စစ်သားသစ်ကောက်ယူခြင်းတွေကို ယာယီရပ်နားဖို့ RCSS/SSA က သူရဲ့ တပ်ဌာနအသီးသီးကို စက်တင်ဘာလ (၃) ရက်နေ့ကစပြီး ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျှန်းကနေ  စက်တင်ဘာ (၃) ရက်နေ့ကစ စစ်သားသစ်ကောက်ယူမှုတွေကို ချက်ခြင်းရပ်ဆိုင်းထားရမယ်ဆိုပြီး ဥက္ကဌ(၂) က လက်မှတ်ရေးထိုးထုတ်ပြန်ထားတာလို့ Tai Freedom က ရေးသားထားပါတယ်။ 

လက်ရှိကာလမှ ဒေသခံတွေက အဘက်ဘက်ကနေ အခက်အခဲမျိုးစုံကြုံတွေ့ရနေရပြီး လက်နက်ကိုင် အသီးသီးရဲ့ ဖိနှိပ်မှုတွေကိုလည်း ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ 

ဒီလိုဒဏ်တွေကို မခံနိုင်ကြတဲ့ ဒေသခံအများအပြား သူတို့တွေရဲ့ ပိုင်ဆိုင်တဲ့ နေအိမ် ၊ကျွဲနွားတွေကို ရောင်းချပြီး နေရပ်စွန့်ခွာကာ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင် စားသောက်နေကြရတာလည်းဖြစ်ပါတယ်။ 

ဒေသခံတွေ အေးအေးချမ်းချမ်း အသက်မွေးဝမ်းကြောင်းအတွက်ရှာဖွေစားသောက်နိုင်ဖို့အတွက် စစ်သားသစ်စုဆောင်းတာကို ရပ်တန့်ဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

စစ်သားသစ်တွေကို ကောက်ယူခြင်းမပြုပေမယ့် စိတ်စေတနာနဲ့ တာဝန်လာထမ်းဆောင်မယ့်သူတွေကို လက်ခံပါတော့မယ်လို့ RCSS/SSA ၏ ယုံကြည်ရသော သတင်းရင်းမြစ်ကနေ သိရပါတယ်။

RCSS/SSA က ရှမ်းပြည်မြောက်ပိုင်းကနေ ပြန်ဆုတ်ခွာလာပြီးတဲ့နောက် တိုက်ပွဲဖြစ်ပွားမှုတွေလျော့ကျလာကာ တောင်ပိုင်းဒေသတချို့မှာ တိုက်ပွဲအနည်းအကျည်း SSPP/SSA ၊ TNLA တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *