ဩဂုတ်၁၁၊မိုးညှင်း
ဒီနှစ်နွေစပါးနဲ့ ပဲတီစိမ်းစိုက်ပျိုးဖို့အတွက် နိုင်ငံတော်က ငွေကြေးစိုက်ထုတ်မှုပေးမှာဖြစ်ပြီး တောင်သူတွေလိုအပ်တဲ့ မျိုးစေ့၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ တွေကိုလည်း ဆောင်ရွက်ပေးမယ်လို့ ဩဂုတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီခေါင်းဆောင်ကပြောဆိုပါတယ်။
ဒီလိုစိုက်ပျိုးမှုကနေ ထွက်လာတဲ့ စပါးနဲ့ ပဲတီစိမမ်းတွေကို စစ်ကောင်စီကပဲ ဦးစီးပြီးတော့ ပြည်ပတင်ဖို့မှာဖြစ်တယ်လို့ဆိုပါတယ်။
စိုက်ပျိုးတဲ့ တောင်သူတွေကတော့ ငွေကြေးမစိုက်ထုတ်ရတာကြောင့် ထွက်ရှိတဲ့အပေါ်မူတည်ပြီး သင့်တော်တဲ့အကျိုးခံစားခွင့်ရမှာဖြစ်ပြီး လူမှုဘဝတိုးတက်လာမယ်လို့လည်း ထည့်သွင်းပြောဆိုပါတယ်။
မြန်မာနိုင်ငံတွင် နွေစပါးကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး နွေစပါး သက်တမ်းမှာ ရက် ၉၀ ရှိပြီး မိုးစပါးထက် အထွက်တိုးတာလည်းဖြစ်ပါတယ်။
နွေစပါးကို မြန်မာနိုင်ငံမှာ နှစ်စဉ် နှစ်သန်းကနေ နှစ်သန်းခွဲကျော်စိုက်ပျိုးကြတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီက စီးပွားရေးပြန်လည်ဦးမော့လာစေဖို့အတွက် ကိုဗစ်ရံပုံငွေထဲက ပိုငွေ ကျပ် ၄၀၀ ဘီလီယံကို သီးသန့်ရံပုံငွေထူထောင်ပြီး စိုက်ပျိုးရေးကို အဓိကဦးစားပေးအဖြစ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်းကနေ နှစ်စဉ် ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ သန်းကို ပြည်ပကို တင်ပို့သလို ပဲတီစိမ်းကိုလည်း အိန္ဒိယက ၅ နှစ်ဆက်တိုက် ဝယ်ယူဖို့ သဘောတူညီမှုရရှိထားတာလည်းဖြစ်ပါတယ်။