ဆင်ဘိုမြို့နယ်တွင် တိုက်ပွဲဆက်ပြင်းထန်နေဆဲ

ဖေဖော်ဝါရီ ၁၂ ၊ ဆင်ဘို မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့မှာ ကချင်လွတ်လပ်ရေးတပ် KIA/PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရှိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဆင်ဘိုမြို့မှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိချိန်ထိ ထိန်းချုပ်ထားနေဆဲဖြစ်ကြောင်းသိရှိရပါတယ်။

“ အင်အားတော့ ဘယ်လောက်ရှိမလဲ ကျနော်တို့လဲဘယ်မှမထွက်တော့ မသိဘူး ပြည်သူစစ်အဖွဲ့တွေကိုတော့ ဖမ်းသွားပြီ ဒီနေ့တော့ အင်အား တအားများတာကော”လို့ ဒေသခံက ပြောပြပါတယ်။

၎င်းဆင်ဘိုမြို့တိုက်ပွဲမှာ KIA+PDF များဘက်မှ စစ်ရေးအားသာမှုတွေ ရှိနေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ပစ်ကူပါ သုံးခဲ့ကြောင်း ၎င်းဒေသခံက ပြောပြပါတယ်။

‘စစ်ကူ လာသလား မလာဘူးလားတော့ မပြောတတ်တော့ဘူး၊ လေယဉ်နှင့်တော့ မနက်တုန်းက လာချသွားတယ် ခဏလေးပဲ သုံးလေးလုံးလောက် လာကြဲချသွားတာ’ လို့ ဆင်ဘိုဒေသခံတစ်ဦးက ပြောပြပါတယ်။

တိုက်ပွဲကြောင့် ဆင်ဘိုဒေသခံများ နီးစပ်ရွာကျေးရွက်ဘက်တွေကို တိမ်းရှောင်နေကြရတာလဲဖြစ်ပါတယ်။ ဆင်ဘိုမြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့တစ်ခုဖြစ်ပြီး ရှမ်းနီတိုင်းရင်းသား အများဆုံးနေထိုင်တဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *