ဇူလိုင် ၂၀ ၊ ရန်ကုန်
ကာတာဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူးကမြန်မာနိုင်ငံကနေ ရောင်းချထွက်ခွာဖို့အတွက် ဆွေးနွေးနွေတဲ့အကြောင်း ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ ရိုက်တာသတင်းဌာနမှ ဖော်ပြလာပါတယ်။
မြန်မာနိုင်ငံမှာ တတိယအကြီးဆုံးအော်ပရေတာတစ်ခုဖြစ်ပြီး သုံးစွဲသူ ၁၅ သန်းနီးပါးရှိနေတဲ့ အော်ရီဒူးက ရောင်းချထွက်ခွာဖို့ မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနဘက်ကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
အော်ရီဒူးကိုဝယ်ယူဖို့အလားအလာရှိနေတဲ့ ကုမ္ပဏီတွေထဲမှာ မြန်လာလုပ်ငန်းစုကြီးဖြစ်တဲ့ Young Investment Group ၊ စင်ကာပူအခြေစိုက် ကွန်ရက်အခြေခံအဆောက်အအုံ အော်ပရေတာ Campana Group နဲ့ SkyNet တို့ ပါဝင်ပါတယ်။
ဝယ်ယူမှုအတွက် ဆွေးနွေးမှုတွေက နောက်ဆုံးအဆင့်သို့ မရောက်သေးလို့ ရိုက်တာက ရေးသားထားပါတယ်
ရိုက်တာအနေနဲ့ Ooredoo ဆီကို မှတ်ချက်ပေးဖို့အတွက် တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးဘူးလို့လည်းဖော်ပြပါတယ်။
အော်ရီဒူးက တယ်လီနော်ထွက်ခွာသွားပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အကြီးဆုံးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
Ref; Reuters News