ဆိပ်မူကျေးရွာတွင်းတိုက်ပွဲကြောင့်ဒေသခံအမျိုးသား(၄)ဦးလက်နက်ထိမှန်သေဆုံးခဲ့

ဖားကန့်မြို့နယ် ၊ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်အနီးက တိုက်ပွဲဖြစ်ပွားခဲ့မှုမှာ ဒေသခံအမျိုးသား(၄)ဦး လက်နက်ထိမှန်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ 

  “ ဒီနေ့တော့ နည်းနည်းအေးသွားပါပြီ မနေ့မနက်နဲ့ ဟိုဘက််နေ့ညဖြစ်တဲ့ဟာတော့ လေးယောက်လောက် လက်နက်မှန်လို့ သေသွားတာရှိတယ် တစ်ခြားဒဏ်ရာအနည်းငယ် ရတဲ့သူတွေလည်း ရှိတယ်’ဟု ဆိပ်မူကျေးရွာသား တစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

  ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၀)ရက်နေ့ညဦးပိုင်းမှာ KIA+PDFပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ကျေးရွာအတွင်း တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲမှ လက်နက်စထိမှန်တာတွေကြောင့် ကျေးရွာသားများ သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

   သေဆုံးတာတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူ(၆)ဦးခန့် ရှိခဲ့ကာ အမျိုးသမီးများလည်း ပါဝင်နေတယ်လို့ သိရပြီး မနေ့က (၂၁) ရက်နေ့မှာ လက်နက်ကြီး ပစ်ခတ်သံများကြားနေရသေးပေမယ့် ယနေ့ (၂၂)ရက်နေ့မှာတော့ တိုက်ပွဲအခြေအနေငြိမ်သက်နေကြောင်း ဒေသခံများက ဆိုပါတယ်။   

    ဒါ့အပြင် တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာမှာလည်း ကျေးရွာ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရတာ ရက်သတ္တနှစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီလည်းဖြစ်ကာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *