
ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းကအချိန်ကနေစပြီး ဩဂုတ်လ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းက အင်တာနက်လိုင်းနှေးကွေးမှုနဲ့ ပြတ်တောက်မှုတွေဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
နယ်စပ် International Gate Way ဆက်ကြောင်း ပြတ်တောက်မှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ရှိသော မိုဘိုင်းဖုန်းကွန်ယက်များနှင့် အခြား အင်တာနက်ကွန်ယက်များ ပြတ်တောက်ခြင်း၊ အင်တာနက်လိုင်း နှေးကွေးခြင်းများ ဖြစ်ပေါ်နေပါတာလို့ အင်တာနက်ဆော့ဗေစ်ပေးနေတဲ့ ကုမ္မဏီတစ်ခုက ကြေညာပါတယ်။
တခြားပြည်တွင်းက အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေကလည်း အင်တာနက်နှေးကွေးမှုနဲ့ ပြတ်တောက်မှုတွေကို ကြေညာထားပါတယ်။
“ MPT ကမရဘူး။ wifi ချိတ်လည်း VPN ချိတ်လို့မရဘူး” လို့ အင်တာနက်အသုံးပြုသူတစ်ဦးက ပြောပြပါတယ်။
ပြည်တွင်းမှာ အသုံးပြုတဲ့ ပင်လယ်ရေအောက် အင်တာနက်ဖိုက်ဘာဆက်ကြောင်းကြီး တစ်ခုမှာ အပြစ်ဖြစ်ပေါ်ပြီး အရန်ဖိုက်လိုင်းတွေကနေ အင်တာနက်ကို ပြန်လည်မျှဝေနေတာကြောင့် လိုင်းနှေးကွေးတာတွေပေါ်နေ တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
လိုင်းပြတ်တောက်မှုတွေကို ပြုပြင်နေပြီလို့ စစ်ကောင်စီဘက်က တချို့မီဒီယာတွေမှာ ပြောဆိုထားပါတယ်။