ဒီဇင်ဘာ၁၂၊ဟုမ္မလင်း
နိုဝင်ဘာ ၂၂ ရက်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့ထိ ဟုမ္မလင်းမြို့နယ်မှာ စစ်ဘေးတိမ်းရှောင်နေရသူ တစ်ထောင့်ခြောက်ရာကျော်ရှိတယ်လို့ ကူညီပေးနေသည့် စစ်ဘေးရှောင်ကော်မတီထံမှ သိရပါတယ်။
စစ်ဘေးရှောင်တွေဟာ ဒေသခံ ရှမ်းနီတိုင်းရင်းသားတွေအများဆုံးဖြစ်ပြီး ဟုမ္မလင်းမြို့ပေါ်နှင့် ဘိုကုန်းကျေးရွာအုပ်စု နားမော်ကျေးရွာတွေဆီကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
NUG သိမ်းပိုက်ထားသည့် ရွှေပြည်အေးမြို့က စစ်ဘေးရှောင်လာသူသုံးရာ့နှစ်ဆယ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဟုမ္မလင်းမြို့ ဆုတောင်းပြည့်ဘုရားဝင်း နှင့် စစ်ကောင်စီ ခလရ ၂၂၂ တပ်ဝန်းထဲမှာ ခိုလုံနေကြတယ်လို့ ၎င်းကော်မတီက ထုတ်ပြန်ပါတယ်။
စစ်ဘေးရှောင်တွေဟာ ရွှေပြည်အေးမြို့ ၊ ဖောင်းပြင်မြို့ ၊ မြင်သာ၊ ငိုးပင်း၊ မယ်ဇလီ၊ ဇီးပင်သာ၊ နောင်ဆန်းကျင်၊ လွှစင်ကုန်း၊ နောင်ပူအောင် နှင့် သဝန်တိုက်နယ်မှ လူဦးရေ စုစုပေါင်း ၁၆၇၁ ဦးရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲပြင်းထန်နေပေမယ့် ရှမ်းနီတိုင်းရင်းသားလူထုတွေဟာ အကာအကွယ်ပေးခြင်း၊ စားနပ်ရိက္ခာထောက်ပံ့မှုတွေ၊ ကျန်းမာရေးဆိုင်ရာ အကူအညီပေးခြင်းတာတွေကို လုံးဝ မခံစားကြဘူးလို့ ရှမ်းနီညီညွတ်ရေးအမျိုးသားအစည်းအရုံး (SNUA) ကဆိုပါတယ်။
စစ်ရေးပဋိပက္ခတွင်းပါဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ဂျနီဗာကွန်ဗင်းရှင်းက ပြထန်းထားသည့် အပြည်ပြည်ဆိုင်ရာ လူသားခြင်းစာနာထောက်ထားမှုဓလေ့ထုံးတမ်းဥပဒေ(IHL) ကို ချိုးဖောက်နေရတယ်လို့လဲ SNUA ဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ ၂၀၂၂ ခုနှစ်ကတည်းက စတင်ပြီး စစ်ဘေးတိမ်းရှောင်ရသူတွေရှိလာနေပြီး နီးစပ်ရာဆွေမျိုးများနှင့် ဘုန်းတော်ကြီးကျောင်းတွေဆီမှာ ခိုလှုံနေကြရဆဲလည်းဖြစ်ကြောင်း သိရပါတယ်။