တမူး PDF တပ်တွေတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်က  (၄) ဦးသေဆုံး 

PDF တမူး တပ်ဖွဲ့များကိုတွေ့ရစဉ်

ဧပြီ ၁၈ ၊ တမူး

မြန်မာ-အိန္ဒိယနယ်စပ်မြို့ တမူးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တမူးမြို့ တပ်ရင်း(၁) နဲ့ (၂) တို့ရဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က လေးဦးသေဆုံးတယ်လို့ PDF တွေဆီကနေ သိရပါတယ်။ 

မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေ့ည (၇) နှစ်နာရီအချိန်မှာ တမူးမြို့ မြို့မ ၁၂/က ရပ်ကွက် ၊ နန်းဖာလုံ အထက(ခွဲ) ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တပ်ကို တမူး PDF တွေကက တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေရဲ့ တပ်ကြပ်အဆင့်ရှိသူတစ်ဦး ၊ တခြား တပ်သား (၄) ဦး ကျောင်းရှေ့မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ PDF တမူးက သတင်းထုတ်ပြန်ပါတယ်။ 

တိုက်ပွဲဖြစ်ပွားပြီး နာရီဝက်အကြာမှာ စစ်ကောင်စီတပ်တွေရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဒီကာလက တမူးPDF တွေအနေနဲ့ စစ်ရှိန်မြင့်တဲ့ကာလဖြစ်တာကြောင့် စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ သတိပေးထားတဲ့အပြင် ထိခိုက်မှုတွေကိုလည်း တာဝန်မယူဘူးလို့လည်း ထုတ်ပြန်ပြောဆိုပါတယ်။ 

တမူးမြို့နယ်မှာ PDF တွေနဲ့ စစ်ကောင်စီတပ်တွေက မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားလျှက်ရှိနေပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *