တာမခန်မှ စစ်ကိုင်းတိုင်းဘက်သို့  စစ်ဘေးတိမ်းရှောင်လာသူတချို့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ် ဆက်လက်ကြုံတွေ့

ဒီဇင်ဘာ ၂၆ ၊ တာမခန်

ဖားကန့်မြို့နယ် တာမခန်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ စစ်ဘေးရှောင်တွေဟာ ကုန်စျေးနှုန်းကြီးမှုမြင့်ဒဏ်ကို ဆက်လက်ကြုံတွေ့နေရတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ 

ခရမ်းချဉ်သီးနဲ့ ကြက်ဥ စားနိုင်တဲ့သူက သူဌေးဘဲ ။ ကျွန်တော်တို့တောင်မှ မစားရတာ နှစ်လ သုံးလရှိသွားပြီ ။ကြက်ဥတစ်လုံး တစ်ထောင့်ငါးရာဆိုတော့ မစားနိုင်ဘူး။” လို့ ဟုမ္မလင်းရောက် တာမခန် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ စတင်ခဲ့တဲ့ တိုက်ပွဲကြောင့် တာမခံကျေးရွာမှ ဒေသခံအားလုံးစစ်ဘေးတိမ်းရှောင်ရပြီး အများစုက စစ်ကိုင်း-ကချင်နယ်စပ် နှင့် မန္တလေးမြို့တွေကို တိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်းက   နမ့်တောကျေးရွာ ၊ ရေပေါ်မီးကျေးရွာ စတဲ့ ကျေးရွာတွေဆီကို အများဆုံး တိမ်းရှောင်ခဲ့ကြတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ 

တာမခန်ကျေးရွာအတွင်းတိုက်ပွဲငြိမ်သက်သွားခဲ့ပေမယ့် နေအိမ်အများစုမီးလောင်ပျက်စီးသွားတာကြောင်  ဟုမ္မလင်းမြို့နယ်အတွင်းမှာသာ ဆက်လက်နေထိုင်ကာ ကုန်စျေးနှုန်းကြီးမြင့်ပေမယ့် ရရာလုပ်ငန်းတွေနဲ့  မိသားစုစားဝတ်နေရေးဖြေရှင်းနေရတာဖြစ်တယ်လို့ စစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။ 

ငါတို့ဘက်က ကျောက်ကလေးတွေနဲ့ စျေးရောင်းစျေးဝယ် ဒါပဲရှိတာ ဘာမှမရှိဘူး။  တောင်ယာတောင်ခုတ်ရလားမခုတ်ရလားမသိဘူး။စျေးရောင်စျေးဝယ်တွေနဲ့ ပတ်ချာလည်နေတာပဲ။ လုပ်စားစရာလည်းမရှိတော့ဘူးပါ့။ လုပ်စားကိုင်စားရတာလည်း ကြပ်တာပါ့ “ လို့ သူကပြောပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်လာသူတွေများစွာရှိနေပေမယ့် စစ်ဘေးရှောင်ဟု ပြောဆိုဖို့အတွက် စိုးရွံ့နေသလို ကူညီမှုများ ဆောင်ရွက်မယ့် အသင်းအဖွဲ့တွေမရှိတာကြောင့် စားရင်းအတိအကျကိုမသိရှိရပါဘူး။ 

ဟုမ္မလင်းမြို့နယ်အတွင်း လိုအပ်တဲ့ အခြေခံစားသောက်ကုန်နဲ့  ကုန်စည်တွေကို ဗန်းမောက်မြို့နယ်ကနေ တဆင့်သယ်ယူနေရသလို လေကြောင်းလိုင်းအသုံးပြုပြီးသယ်ယူနေရတာကြောင့် တခြားဒေသတွေထက် ကုန်စျေးနှုန်း တစ်ထက်ကျော်ကြီးမြင့်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *