တာမခံနွေဦးတော်လှန်ရေး သပိတ်ကို သေနတ်ပစ်ဖြိုခွင်းပြီး အမျိုးသား (၄) ဦးကို စစ်ကောင်စီဖမ်းဆီး

ဇွန် ၃၀ ၊ တာမခံ

တာမခံကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများက နေ့စဉ်ပြုလုပ်နေသည့် နွေဦးတော်လှန်ရေး သပိတ်အပြီး လူစုခွဲခါနီးတွင် စစ်ကောင်စီတပ်များက ရောက်ရှိလာပြီး သေနတ်ပစ်ခတ်ဖြိုခွင်းမှုကြောင့် အမျိုးသား (၄)ဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

“ ၅ နာရီလောက်မှာ သပိတ်ပြီးလို့လူစုခွဲချိန်မှာ စုရပ်ပြန်ရောက်ရောက်ချင်းကားနဲ့ရောက်လာပြီး သေနတ်ဖောက်ပြီး ဆွဲသွားတာ” ဟု သပိတ်တွင် ပါဝင်သူ တစ်ဦးက ရှမ်းနီအသံကို ပြောသည်။

၎င်းတို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ ယခင်နေ့ ဆန္ဒထုတ်ဖော်မှုများတွင်လည်း စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ဖောက်ခြိမ်းခြောက်မှုများ ပြုလုပ်မှုများ ရှိခဲ့သည်။

တာမခံကျေးရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို စစ်ကောင်စီ အာဏာသိမ်းပြီးသည့် အချိန်မှာ စပြီး ယနေ့တိုင်အောင် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်နေသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *