တိုက်ပွဲကြောင့်ထီးချိုင့်-အင်းတော်လမ်းပိုင်းပိတ်ထားမှုကတစ်ပတ်နီးပါးရှိလာ

ထီးချိုင့်မြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း မီးရှို့ခံရသည့်ကျေးရွာများ

 နိုဝင်ဘာ ၂၉ ၊ ထီးချိုင့် 

မန္တလေး-မြစ်ကြီးနား အဝေးပြေးလမ်းမရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ထီးချိုင့်-အင်းတော်လမ်းပိုင်းမှာ KIA PDF နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွကြောင့် လမ်းပိုင်းပိတ်ထားမှုက တစ်ပတ်နီးပါးရှိလာနေပြီလို့ ထီးချိုင့်မြို့နယ် အဝေးပြေးကားဂိတ်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

“ ကားတွေအကုန်လုံးပိတ်ထားတယ်၊ ပိတ်ထားတာပါ့လေ သွားလို့ရင် ခိုက်မှာပါ့လေ  ရွာကိုမီးရှို့နေတာပါဆို နီးနီးလေးလေ ၊ ၂၄ ရက်နေ့ကတည်းက ပိတ်ထားတာ” လို့  ကားဂိတ်ပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။ 

ဒီလမ်းပိုင်းပေါ်က  အလယ်တော၊ အင်ကြင်းကုန်း၊ ဆူးပုတ်ချောင် စတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ 

ထီးချိုင့်-အင်းတော်လမ်းပေါ်က အင်ကြင်းကုန်းကျေးရွာကို နိုဝင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ မီးရှို့နေပြီး လမ်းပိုင်းပေါ်က ကျေးရွာအများစုကလည်း စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ 

နိုဝင်ဘာလ ၂၄ ရက်နေ့ကတည်းက ဆူးပုတ်ချောင်ကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

မြစ်ကြီးနား – မန္တလေး လိုင်းကားတွေဟာ ရွှေဘိုအဝေးပြေးလမ်းမဘက်ကိုသာ အသုံးပြုနေကြတာဖြစ်တယ်လို့လည်း ခရီးသည်တွေဆီကနေ သိရပါတယ်။ 

ပိတ်ထားတဲ့ လမ်းပိုင်းဟာ ခရီးသည်သင်လိုင်းကားလေး ၊ကားကြီးများ၊  ကုန်တင်ယာဉ်များ၊ ဆီဘောက်ဆာများ အစီးရာချီဖြတ်သန်းနေတဲ့ လမ်းပိုင်းတစ်ခုလည်းပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *