တိုက်ပွဲဖြစ်ပွားနေသည့် တာမခံကျေးရွာတွင်း မီးလောင်မှု အခြေအနေနှင့် တိုက်ပွဲအခြေအနေများကို ရွာခံစစ်ဘေးရှောင်နေသည့် လူငယ်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

မေး။ တာမခံမီးလောင်တဲ့အခြေအနေဘယ်လိုရှိနေပါသလဲ။ 

ဖြေ။ ။ မနေ့က မနက်ပိုင်းကနေစလောင်တယ် မနက်(၈)နာရီကျော်  ရပ်ကွက်  ၁ ကနေ ၄ အထိပါသွားတယ် ရပ်ကွက်(၃)ကနေပြီးမှ ပျံ့သွားတာလေ ဒီဘက်က(၄) ဟိုဘက်က ရပ်ကွက် (၂)(၃) အဲ့သလိုကူးသွားတာ။ 

မေး။ မီးလောင်မှုကိုရောဘယ်လိုသိထားသလဲဘယ်လိုကြောင့်လောင်သွားတယ်ဆိုတာ။ 

ဖြေ။ ။ ဘယ်လိုလောင်တာလဲတော့အတိအကျမသိဘူး ရှို့မီးလို့တော့ပြောကြတာပဲ  ရွာထဲမှာကရှိသေးတယ် မထွက်ချင်ပဲနဲ့ အစောင့်အနေနဲ့ နေထားတဲ့ ဘိုးတော်တွေရှိသေးတယ်လေ။ မထားလို့လည်းမရဘူး ၊ရွာမှာက တအားဖောက်တယ်လေ။   လက်နက်ကြီးလဲကျတယ် လေယာဉ်ဗုံးတွေလဲကျတယ်။ ကျွန်တော်က ရှို့မီးလို့တော့မထင်ပါဘူး။   အဲ့လိုပြောရအောင်ကလည်း ပတ်ပတ်လည်က PDFတွေပဲပတ်နေကြတာလေ ရှို့ရင်လည်းစွပ်စွဲစရာရှိ သူတို့ပဲရှိမှာ။   လက်နက်ကြီးကျလို့လောင်တယ်ထင်တာပဲ လက်နက်ကြီးကလည်း အဆက်မပြတ်ပစ်နေတာကြီး။ 

မေး။ မီးလောင်တာကဘာကြောင့်အိမ်တွေအများကြီးလောင်သွားရသလဲ။ 

ဖြေ။ ။ တစ်ရွာလုံးကမီးမရတဲ့ရွာကြီး အိမ်တိုင်းမှာ ဒီဇယ်ပုံးတွေကရှိနေတာလေနော့ ဓာတ်ဆီတွေက ကျွန်တော်တို့အိမ်မှာလည်းရှိတယ်  စစ်ဖြစ်ပြီဆိုတာနဲ့ ကိုယ့်အဝတ်အစားတွေဘာညာပဲ ယူပြီးထွက်ကြတာကိုး အဲ့ဒီဒီဇယ်ပုံးတွေက ဘယ်သူမှသယ်မှာမဟုတ်ဘူးလေ အိမ်တိုင်းမှာမီးစက်ကတော့ရှိတယ် မရှိတဲ့အိမ်ကခပ်ရှားရှားပဲ။ ပါသွားတဲ့အိမ်ခြေကတော့  ရာကြီးထောင်လောက်တော့ရှိတယ် လေးရပ်ကွက်စာဆဆိုတော့ အိမ်ခြေကလည်းတအားစိပ်တာကိုး ။ မီးရပ်တာကမနေ့ညဆယ််နာရီလောက်ကို ရပ်သွားတာ။

မေး။ တာမခံရွာကထွက်ပြေးရတဲ့အခြေအနေကဘယ်လိုဖြစ်လို့လဲ။

ဖြေ။ ။ ပြေးတာက မဖြစ်ခင်ကောလဟာလတွေပြောကြရင်းနဲ့အရင်ပြေးကြတာလေ ညနေလေးနာရီနောက်ဆုံးရွှေ့ခိုင်းတာလို့ပြောတာကိုး အမှန်ကသိတဲ့လူတွေကအရင်ပြေးထားကြတော့ မသိတဲ့လူတွေကနောက်မှကျန်တော့ တစ်ချို့ဟာတွေက ပိတ်မိနေတဲ့ဟာတွေရှိပြီး နောက်ရက်မှထွက်ခဲ့ရတာလေ။ 

မေး။ စစ်ဘေးရှောင်တွေကဘယ်ဘက်ကိုရှောင်သွားကြသလဲ။ 

ဖြေ။ ။ လူတွေက အောက်ဘက်ကိုပြေးကြတာ။ စစ်ရှောင်က နန့်လိုင်းစိုင်မှာ တစ်ထောင်ကျော်လောက်ရှိတယ် နန့်ပါဟုတ်မှာလေးရွာကျော်တယ် အဲ့တာက ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းမှာတည်းတဲ့စာရင်းတွေပဲ အသိအိမ်တွေမှာတည်းတဲ့ဟာက စာရင်းမသိ ရွှေတောင်ကျော်မှာလည်း တစ်ထောင်ကတော့ကျော်လောက်တယ် မှော်သစ်မှော်ဟောင်းဘက်တွေလည်း ရှိတယ် အားလုံးပေါင်း သုံးထောင်ကတော့ကျော်မှာပဲ ။ နန့်လိုင်စိုင်မှာတော့ကူညီတာတွေမရှိဘူး ကိုယ့်ဖာကိုယ် တာမခန်ရွာထဲပြန်ဝင်ပြီး ရိက္ခာတွေအရဲစွန့်သယ်ခဲ့ရ နန့်လိုင်စိုင်က တာမခန်နဲ့ငါးမိုင်လောက်အကွာအဝေးရှိ ရွှေတောင်ကျော်မှာတော့ ရွာကလူတွေစုပေါင်းကူညီပေးကြတယ်။ 

ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 

Leave a Reply

Your email address will not be published. Required fields are marked *