တီမောလက်တေနိုင်ငံမှာ မြန်မာအစိုးရကိုဆန့်ကျင်တဲ့ အဖွဲ့အစည်းကို ရုံးဖွင့်လှစ်တာ ခွင့်မပြုကြောင်း စစ်ကောင်မရှင်ဆို 

စက်တင်ဘာ ၁၉ ၊ နေပြည်တော် 

တီမောလက်တေနိုင်ငံမှာ မြန်မာအစိုးရကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေကို ရုံးဖွင့်လှစ် တာ နဲ့ လှုပ်ရှားမှုတွေကို ခွင့်မပြုဖို့ မြန်မာနဲ့ တီမော နိုင်ငံတို့ကြားဆွေးနွေးမှုတွေရှိခဲ့တယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။ 

နေပြည်တော်ကို ရောက်ရှိနေတဲ့ တီမောလက်တေးဒီမိုကရက်တစ်နိုင်ငံက နိုင်ငံခြားရေးနဲ့ ပူးပေါင်းဆောင်ရွက်ကရေးဝန်ကြီး နဲ့ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

အာဆီယံပဋိညာဥ် ၊​အခြေခံမှုတွေအရ  တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှု မပြုဘဲ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို တိုးမြှင့်သွားဖို့ သဘောတူခဲ့တယ်လို့ဆိုပါတယ်။ 

ဆွေးနွေးမှုတွေထဲမှာနှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ကြဖို့အပါအဝင် တီမောနိုင်ငံမှာ မြန်မာသံရုံးလာရောက်ဖွင့်လှစ်ဖို့ တီမောဘက်က ကမ်းလှမ်းမှုတွေရှိတယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေအတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် နဲ့ နှစ်နိုင်ငံကြားခရီးသွားလုပ်ငန်း တိုးမြင့်ရေး အတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ 

တီမောနိုင်ငံဟာ အာဆီယံနိုင်ငံအဖြစ်  ပါဝင်လာမယ့်အရေးကို စစ်ကော်မရှင်က ကန့်ကွက်မှုတွေရှိခဲ့ပြီးနောက်ပိုင်း မြန်မာနဲ့ တီမောကြားမှာ ဆက်ဆံရေးတွေ တည်ဆောက်လာတာ တွေကို တီမောဘက်က ဆောင်ရွက်မှုတွေရှိလာတာလည်းဖြစ်ပါတယ်။ 

အာရှနိုင်ငံတွေမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဆက်ဆံရေးရုံးကို တီမောလက်တေးနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်းဖွင့်လှစ်ထားပြီးဖြစ်တဲ့အကြောင်း  NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီလမှာ အသိပေးထားပါတယ်။ 

တီမောနိုင်ငံ သမ္မတ ဟိုဆေးရာမို့ဟောဟာ   မြန်မာ့အရေးကို နိုင်ံငံတကာတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သလို NUGက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှုတွေရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ 

တီမောလက်စ်တေနိုင်ငံ သို့မဟုတ် အရှေ့တီမောလို့လည်း လူသိများကြပြီး ၂၀၀၂ခုနှစ် မေလ (၂၀) ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခုဖြစ်လာကာ (၂၁) ရာစု၏ ပထမဆုံးပေါ်ထွက်လာသော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *