ထီးချိုင့်မြို့နယ်အတွင်းစာသင်ကျောင်းတွေမှာရှမ်းနီစာပေသင်ကြားနိုင်ဖို့ပြင်ဆင်နေ 

ဇွန် ၃ ၊ ထီးချိုင့်

ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုတွေကြောင့် ပိတ်ခဲ့ရတဲ့ ထီးချိုင့်မြို့နယ်ထဲက စာသင်ကျောင်းတချို့မှာ အခုလို ပြန်ဖွင့်တဲ့အချိန်မှာ ရှမ်းနီစာသင်ကြားနိုင်ဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ထီးချိုင့် ရှမ်းနီစာပေနဲ့ယဉ်ကျေးမှုကော်မတီကနေ သိရပါတယ်။

၂၀၂၀ ပညာသင်နှစ်မှာ ထီးချိုင့်မြို့နယ်ထဲက စာသင်ကျောင်း (၉) ကျောင်းလောက်မှာ ရှမ်းနီစာပေကို သင်ကြားခဲ့ကြရတာဖြစ်ပြီး စစ်ကောင်စီပြန်ဖွင့်ခဲ့တဲ့ ၂၀၂၁ခုနှစ် ပညာသင်နှစ်မှာတော့ မသင်ကြားရတော့ဘူးလို့ဆိုပါတယ်။ 

အဲ့တာတွေကြောင့် ဒီနှစ် ပညာသင်နှစ််မှာ ထီးချိုင့်မြို့နယ်ထဲက စာသင်ကျောင်းတချို့မှာ ရှမ်းနီစာပေသင်ကြားနိုင်ရေးအတွက် အခုစတင်လုပ်ဆောင်နေပြီလို့ဆိုပါတယ်။ 

“ သင်ကြားမှာ အခုလက်ရှိကို ကျွန်တော်တို့ ကျောင်းကြီးမှာ လိုအပ်တယ်ဆိုရင်တော့ ကျောင်းကြီးမှာသွားပြီးတော့မှာ ဆရာ/မတွေထည့်မှာ အဲ့လိုအစီအစဉ်တော့ရှိတယ်။ ဒါပေမယ့် အခြေအနေ အချိန်အခါအရကိုတော့ သုံးသပ်နေတာပေါ့၊ နောက် တစ်ပတ်လောက်အချိန်ယူရမှာပေါ့ ၊ တစ်ပတ်လောက်အချိန်စောင့်ကြည့်ပြီး လက်ရှိ ဒီမှာကလေးမလေးတွေရှိတဲ့အတွက်ကြောင့်မို့ သူတို့တွေနဲ့ ညှိနှိုင်းပြီးတော့ ၊ နောက် ကျောင်းအုပ်ကြီးတွေနဲ့လည်း ညှိနှိုင်းပြီးတော့ သူတို့လက်ခံမယ်ဆိုရင်တော့ ကျွန်တော်တို့ သင်ကြားဖို့ အဆင်သင့်ပြုလုပ်ထားတာပေါ့”​လို့ ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ထီးချိုင့်မြို့နယ်ထဲက  ရှမ်းနီဆရာ/မတွေ အများစုကလည်း စာသင်ကျောင်းတွေပြန်မဖွင့်နိုင်တာကြောင့် ရန်ကုန် ၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ တခြားလုပ်ငန်းတွေသွားရောက်လုပ်ကိုင်နေကြပြီလို့ဆိုပါတယ်။

“ ရှမ်းနီဆရာမလေးတွေကမရှိတော့ဘူး  ရန်ကုန်ဆင်းကြတယ်။​မန်းလေးဆင်းကြတယ် ဘာလို့လည်းဆိုတော့ အလုပ်အကိုင်ရှာလုပ်ကြတယ်။  ရန်ကုန်မှာ အလုပ်လုပ်ကြတယ်။ သင်တန်းတက်ကြတယ် အဲ့လိုဖြစ်နေတယ်” လို့ သူက ဆက်လက်ပြောပါတယ်။ 

ထီးချိုင့်မြို့နယ်ထဲက ရှမ်းနီဆရာ/မတွေက နေ့စားလပေးသာဖြစ်ပြီး Teacher Assisant တွေမဟုတ်တာကြောင့် လစာအနည်းငယ်တာ ရရှိကြတာလည်းဖြစ်ပါတယ်။ 

ထီးချိုင့်မြို့နယ်ထဲက အလယ်တောနဲ့ လေသာကျေးရွာကြားမှာ   ရှမ်းနီကျောင်းဆရာတစ်ဦးလည်း ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲကြောင့် သေဆုံးခဲ့မှုတစ်ခုရှိဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *