ဒေါ်အောင်ဆန်းစုကြည်ဟာအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲဲအတွက်အရေးပါတဲ့ဇာတ်ကောင်ဖြစ်တယ်လို့အာဆီယံအထူးကိုယ်စားလှယ်ဆို 

ဗန်းမောက်မြို့နယ်ကိုအတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ ခုနှစ်က လာရောက်စဉ်

ဇူလိုင်ပနွမ်းပင် 

ဒေါ်အောင်ဆန်းစုကြည်ဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် အရေးပါတဲ့ ဇာတ်ကောင်ဖြစ်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရက်ဆောခွန်းက သူ့ရဲ့ မြန်မာပြည်ဒုတိယခရီးစဉ်အပြီး 

မှာဆိုပါတယ်။

ဇူလိုင်လ ၇ ရက်နေ့မှာအာဆီယံအထူးကိုယ်စားလှယ်က သူ့ရဲ့မြန်မာပြည် ဒုတိယအကြိမ်ခရီးစဉ်အကြောင်းကို  အာဆီယံနဲ့ နိုင်ငံတကာသံတမန်ကို ရှင်းပြတဲ့အခါမှာထည့်သွင်းပြောဆိုခဲ့တာပါ။

“ ကမ္ဘောဒီးယားလိုပဲ လေ့လာသုံးသပ်သူအများစုလည်း အားလုံးပါဝင်တဲ့ ဆွေးနွေးမှုအတွက်နဲ့ အကြမ်းဖဖက်ရေးမူကိုမြင့်တက်ဖို့  ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီးဆုံးထဲကတစ်ခုပါ”​လို့ ပြောဆိုခဲ့ပါတယ်။ 

ငါးရက်ကြာမြန်မာခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် စစ်ကောင်စီက အထပ်ထပ်ငြင်းပယ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် သူ့ရဲ့ရှေ့နေတွေနဲ့ရော NLD ပါတီတွေနဲ့ပါ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ အစီရင်ခံစာထဲမှာဖော်ပြပါတယ်။ 

ဒီခရီးစဉ်မှာ စစ်ကောင်စီဘက်ကလည်း တွေ့ဆုံဆွေးနွေးဖို့အတွက် လမ်းကြောင်းတချို့ကို ဖွင့်ပေးခဲ့တယ်လို့လည်း သူကဆိုပါတယ်။ 

အချက် (၃) ချက်ဖြစ်တဲ့  အစိုးရအဖွဲ့ဝင်ချင်ရင် အဖွဲ့ကိုဖျက်ဆီးတာမလုပ်ရဘူး ၊ ဒုတိယအနေနဲ့ စစ်ကောင်စီကိုအစားထိုးမှာမဟုတ်ဘူးဆိုတဲ့အချက်နဲ့ တတိယက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် အခြေခံဖြစ်ရမယ်လို့လည်း ပြောဆိုတယ်လို့ မစ္စတာပရက်ဆော့ခွန်းက ပြောဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *