
ဇူလိုင် ၁၈ ၊ နေပြည်တော်
မြန်မာ-အိန္ဒိယနယ်စပ်မှာ အိန္ဒိယအစိုးရအားတော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်တွေကို အိန္ဒိယစစ်တပ်က တိုက်ခိုက်မှုအပြီး နေပြည်တော်ကို အိန္ဒိယ စစ်ထောက်လှမ််းရေးချုပ် ရောက်ရှိလာခဲဲ့တယ်လို့သိရပါတယ်။
ဇူလိုင် ၁၆ ရက်နေ့မှာ အိန္ဒိယတပ်မတော် ကာကွယ်ရေး ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်နဲ့ အဖွဲ့တွေဟာ စစ်ကောင်စီဒုဥက္ကဌ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့တွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။
တွေ့ဆုံမှုထဲမှာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စ ၊ ငလျင်ပြီးနောက် လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်တွေ နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ကြပါတယ်။
မြန်မာနယ်နိမိတ်အတွင်းရှိ အိန္ဒိယလက်နက်ကိုင်တပ်ဖြစ််တဲ့ United Liberation Front of Asom (ULFA) ရဲ့ တပ်စခန်းတွေဟာ ဒရုန်းအစင်း ၁၅၀ ကျော်နဲ့ တိုက်ခိုက်ခံခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် Hoyat (ဟိုရက်) ကျေးရွာအနီးမှာ အခြေပြုတဲ့ United Liberation Front of Asom (ULFA) ရဲ့ တပ်စခန်းကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဒါ့အပြင် နန်းယွန်းမြို့နယ် နာယန်းကျေးရွာအနီးက ULFA ရဲ့ တပ်စခန်းတွေကို ဇူလိုင်လ ၁၃ ရက် ဒေသစံတော်ချိန် မနက် ၂ နာရီအချိန် ကစလို့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်ခံရမှုတွေကြောင့် တပ်ဖွဲ့ရဲ့ထိပ်တန်းတပ်မှူးနှစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်းရှိတယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။
အိန္ဒိယ စစ်တပ်ကတော့ ဒီကိစ္စရပ်ကိုတရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် အိန္ဒိယစစ်တပ်ဟာ မြန်မာနယ်စပ်အတွင်း သူ့နိုင်ငံကိုတော်လှန်နေသူတွေကို တိုက်ခိုက်တာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက မှတ်ချက်ပြုထားပါတယ်။
