နိုင်ငံအတွင်းကလူဦးရေရဲ့၉၁ရာခိုင်နှုန်းကျော်ကိုကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်လို့ဆို

 

မေ ၅ ၊ ရန်ကုန် 

မြန်မာနိုင်ငံအတွင်းက လူဦးရေရဲ့ ၉၁ ရာခိုင်နှုန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်တယ်လို့ စစ်ကောင်စီကျန်းမာရေးဌာနက မေလ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

အသက် (၁၈) နှစ်နဲ့ အထက် လူဦးရေ (၃၁)သန်းကျော်ကို ထိုးနှံထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ 

လွန်ခဲ့တဲ့ ဧပြီလကုန်အထိ လူဦးရေ ၂၉ သန်းကျော်ကိုကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံထားပြီးဖြစ်တယ််လို့လည်း ထုတ်ပြန်ပါတယ်။ 

ဒီရက်ပိုင်းမှာပဲ အခြေခံပညာကျောင်းသား/သူတွေနဲ့ အသက် ၁၅ နှစ် နှစ်အထက်တွေကိုထိုးနှံပေးနေသလို ၊ ၆ လ နှင့်အထက် ကာကွယ်ဆေးထိုးနှံအကြိမ်ပြည့်ထိုးနှံထားပြီးအသက် ၄၀ ကျော်အရွယ်တွေကိုလည်း ထပ်မံထိုးပေးမှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီ ကျန်းမာရေးဌာနက တချို့မြို့နယ်တွေရဲ့ အဝင်အထွက်တွေနဲ့ စျေးအဝင်အထွက်တွေမှာ ကာကွယ်ဆေးကို အတင်းအကြပ်ထိုးပေးမှုတွေလည်းရှိခဲ့တာလည်းတွေ့ခဲ့ရပါတယ်။ 

ကာကွယ်ဆေးထိုးနှံထားတဲ့ အထောက်အထားပါမှ မြို့နယ်တစ်ခုကနေ တစ်ခုကူးလူးသွားလာတာတွေပြုလုပ်ရပြီး ဆေးထိုးနှံထားခြင်းမရှိရင် ငွေကြေးတောင်းခံမှုတွေလည်းရှိနေတယ်လို့ ခရီးသွားတွေဆီကနေသိရပါတယ်။ 

စစ်ကောင်စီက ကိုဗစ်တွေ့ရှိမှုနှုန်းလျှော့နည်းလာတဲ့အတွက် လူစုဝေးခွင့်တွေအပါအဝင် ကိုဗစ် စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှော့မှုတွေကို ဧပြီလကုန်မှာ အားလုံးပြုလုပ်ခဲ့ပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *