နောင်ချိုမြို့ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ ထိခိုက်မှုများပြား 

ဇန်နဝါရီ ၂၂ ၊ နောင်ချို 

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီက မနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ညသန်ခေါင်းအချိန်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီနေ့ မနက် မှာလည်း ထပ်မံတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများပြားတယ်လို့ နောင်ချိုဒေသခံတွေဆီကနေ သိရပါတယ်။ 

လောလောဆယ် လက်နက်ကြီးကျည်တွေကတော့ ချနေတာ ၊  ဒီမှာကွဲနေတာနေတာ ၊ မြေကြီးတွေတောင်တုန်သွားတယ်။ ထိုင်နေတာတောင် မြေကြီးတွေ သိမ့်ကနဲ့တုန်သွားတယ်။ လူထိတာတွေလည်းများတယ်။ ဒီနေ့ကတော့ တဒိုင်းဒိုင်းချနေတာ သေတာတွေလည်းများတယ် ” လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒီနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်အချိန်မှာ နောင်ချိုမြို့နယ်က ရုံးတွေရှိတဲ့ ရပ်ကွက်အတွင်းကို ဂျက်ဖိုင်တာနဲ့ ဗုံးကြဲမှုကြောင့် သေဆုံးသူ ရှစ်ဦးအထိရှိထားပြီ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားတယ််လို့သိရပါတယ်။ 

ဒေသခံတွေရဲ့ သတင်းအရ ပါရမီ ၂ ကဖေးဆိုင်အနီးမှာ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်ထိုင်နေသူတွေ သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတယ်လို့ ဖော်ပြနေတကြပါတယ်။ 

ဒီနေ့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး TNLA က ရဲစခန်းအနီးဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုရှိတယ်လို့ ကနဦးသတင်းထုတ်ပြန်ထားပါတယ်။ 

မနေ့ကနေ့လည်မှာလည်း  နောင်ချိုမြို့ စည်ပင်ရုံး ၊ ထွေအုပ်ရုံးအနီးကို ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံ တစ်ဦး သေဆုံးသလို ၂ ဦးထိခိုက်ဒဏ်ရာခဲ့တယ်လို့ တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ထားပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကြောင့် ရုံးတွေပျက်စီးသွားတဲ့အပြင် အနီးနားကနေအိမ်တစ်လုံးလည်း မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ၎င်းတို့က ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှာလည်း TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အတွင်းရှိ ဂေါက်ကွင်းအပါအဝင်နေရာတချို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *